"Cheer up baby...cheer up baby..."
မနက်စောစောစီးစီးလာနှောင့်ယှက်တဲ့ဖုန်း 😣😣😣
သူ့အသံကြောင့်နိုးတော့နိုးနေပြီဆိုပေမဲ့ ပျင်းကြောဆိုတဲ့နွယ်ကြိုးက ကျွန်တော့်ကို ရစ်ပတ်နေဆဲဆိုတော့ လက်ကလေးပင် ကုတင်နှင့်မခွာနိုင်။ 😅😅😅"ဟယ်လို...ရှိုင်းယံရဲ့ဖုန်းပါခင်ဗျ။"
ကျွန်တော့်ရဲ့လက်က ဖုန်းရှိရာဆီကို မလှမ်းနိုင်သေးခင် ကျွန်တော့်ဖုန်းကို ကိုင်လိုက်သော cotton candy ကိုကြီး...
ကျွန်တော်ပဲနှေးနေတာလား သူပဲမှန်နေတာလားတော့မသဲကွဲ 😁😁😁
မျက်စိကိုသာမှိတ်ထားတာ ကျွန်တော်နားကိုတော့ ယုန်နားရွက်လိုစွင့်ထားပါတယ်။
"ရှိုင်းရှိုင်းရေ...ထဦး။"
အိပ်ချင်မူးတူးအသံလေးဖြင့် ကျွန်တော့်ကိုနှိုးနေသည်ကချစ်စရာ...
အဲ့တာအပြင် ကျွန်တော့်ရဲ့ပါးခုံးလေးကို ကိုင်ကာလှုပ်နှိုးနေသည်မို့ ပိုလို့တောင်မထချင်။
သူ့အသားလေးရဲ့နွေးထွေးမှုဆီမှာ နစ်မြောနေတာကြောင့်ပေါ့။
"ရှိုင်းရှိုင်း..."
ကျွန်တော့်ကိုခေါ်နေပေမဲ့ သူ့ရဲ့အိပ်ချင်မူးတူးအသံလေးက
ကျွန်တော်ထတော့မယ့်အချိန်မှာ ပြန်ပြန်ပြီးလှဲချနေသလို။"ရှိုင်းရှိုင်းမေမေဖုန်းဆက်လာတယ်။ ထဦး။"
ကျွန်တော့်ရဲ့ ဘာ ???😳😳😳
ခုနကလေးတင် ကြောင်မျက်စိလိုမှေးနေတဲ့မျက်လုံးလေးတွေက အခုတော့ အံ့သြသည့်အလားပြူးကျယ်သွားခဲ့...သေပါပြီ။ အဆဲခံရတော့မယ် 😖😖😖
ကျွန်တော်ဖုန်းလေးကိုနားနဲ့ ခပ်ခွာခွာလေးထား၊ ဟယ်လို လို့ထူးလိုက်လေတော့..."နင်အခုထိမထနိုင်သေးဘူးလား!!!
ငါဒီမှာဖုန်းကိုင်ထားရတာ တစ်နာရီလောက်ရှိတော့မယ်။"အပိုတွေပါအေ...
ဘယ်ကိုလာ တစ်နာရီရှိမှာလဲ။ 😒😒😒"ငါမရှိတော့အကျင့်တွေပျက်နေတယ်ဟုတ်လား။"
"မပျက်ပါဘူးဗျာ။ မနေ့ကနေမကောင်းသလိုဖြစ်သွားလို့ပါ။"
"ဟင်...ဘာဖြစ်တာလဲ။ ဘယ်နားကဘာဖြစ်လို့လဲ။"
YOU ARE READING
Sweet Like Cotton Candy
Romanceအချစ်ဆိုတာ cotton candy လိုပါပဲ။ ချိုမြိန်တယ်...အရသာရှိတယ်။ တစ်ယောက်ထဲစားရင် ကောင်းတော့ကောင်းပေမဲ့ အဲ့ဒီ ချိုမြိန်တဲ့ အရသာကို ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူဝေမျှတဲ့အခါမှာတော့ ချိုမြန်မှုဟာ ပိုနက်ရှိုင်းသွားပြီး လောကကြီးတစ်ခုလုံးဟာ ကောင်းကင်ဘုံလိုပဲဖြစ်သွား...