Part 10

4.3K 292 6
                                    

ဒီနေ့မနက်ခင်းဟာလည်း အိပ်မက်ဆိုးရဲ့နှောင့်ယှက်မှုကြောင့်နိုးထလာခဲ့ခြင်းသာ...

ကျွန်တော့်ရဲ့ခေါင်းတွေဟာလည်း ဆူးချွန်တစ်ခုဖြင့် ထုခြင်းခံနေရသဖွယ် နာကျင်လွန်းလှတယ်။

ကျွန်တော့်နှလုံးသားကို နာကျင်စေတဲ့ သူဟာ ဘယ်သူလဲလို့ ကျွန်တော် အထပ်ထပ်အခါခါ တွေးနေမိဆဲ။

သိလိုစိတ်ဟာ ကျွန်တော့်တစ်ကိုယ်လုံးကို ရစ်ပတ်နေလျက်။

ဦးခေါင်း အတွင်းတစ်နေရာမှ ဆူးဖြင့်ထိုးခံနေရလောက်အောင် နာကျင်နေသော်လည်း ထိုမေးခွန်း၏ အဖြေကိုမူ ရှာဖွေနေမိဆဲ။

************************************

အိပ်ယာမှ နိုးထလာသည်နှင့်ပင် ကျွန်တော်တောင်းမိတဲ့ ဆုတောင်းလေကတော့ ဟိုအမကြီး ဒီနေ့ cotton candy ဆိုင်ကို မလာပါစေနဲ့။

သူမ cotton candy ကိုကြီးနှင့် စကားပြောသည်ကိုပင် ကျွန်တော်မကြိုက်။

လက်ကိုကိုင်လိုက်သော အခိုက်အတန့်၌မူ ကျွန်တော့်နှလုံးသားများကွဲအက်သွားသလို။

ကျွန်တော်သူ့ကို ချစ်မိသွားတာ သူသိစေချင်တယ်။

ဒါပေမဲ့ ကျွန်တော်ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ ရင်းနှီးမှုလေး ပျောက်ဆုံးသွားမှာလည်း စိုးရိမ် တထိတ်ထိတ်...
"Cheer up baby...cheer up baby..."

မနက်စောစောစီးစီး ကျွန်တော့်ဖုန်းလေးရဲ့ တစ်နေ့တာ အဝင်ကော ပွင့်သွားလေရဲ့။

အိပ်ယာပေါ်မှနေ၍ မလှမ်းမကမ်းရှိ စားပွဲပေါ်မှ ဖုန်းလေးကို ယူကြည့်လိုက်မိတော့ ခွန်းရှီး...

သူ့နာမည်ကိုမြင်သည်နှင့်တစ်ပြိုင်နက် ကျွန်တော် speaker ကိုသာဖွင့်ကာ အိပ်ယာပေါ်တွင် မှောက်လျက်အနေအထားဖြင့် ပျင်းကျောဆန့်နေမိ၏။

"ဟျောင့်...ဒီနေ့လျှောက်လည်ကြမယ်လေ။"

ကြားလိုက်ရသော စကားကို ကျွန်တော်ပင် မယုံနိုင်။

ဥာဏ်သခင်မေနှင့် အဆင်ပြေသည့်နေ့မှစ၍ ကျွန်တော့်ရှေ့တွင် တစ်ခါတစ်ရံမှ ပေါ်လာတော့သည့် မုန့်လုံးရေပေါ်ကိုယ်တော်ရှီးက လျှောက်လည်ကြရန် စကားစပ်လာသည်ဆိုတော့ကား...

Sweet Like Cotton CandyWhere stories live. Discover now