Part 11

4K 282 4
                                    

မသေချာ မရေရာသော ပုံရိပ်များက ကျွန်တော့်ရှေ့မှာ ပြေးလွှားလို့နေတယ်။

ထိုပုံရိပ်များနဲ့အတူ စကားသံများကလည်း ကျွန်တော့်ရဲ့နားနားမှာ ပျံဝဲလို့နေလျက်။

ကျွန်တော့်ဦးနှောက်ဟာ ရှုပ်ထွေးနေလျက် ဦးခေါင်းဟာလည်း ပေါက်ထွက်မတတ်နာကျင်မှုကို ခံစားနေရတယ်။

သူ့နဲ့ ပတ်သတ်တဲ့မှတ်ဥာဏ်တွေပေါ်လာတာနဲ့အမျှ ကျွန်တော့်ရင်ဘတ်ဟာ တဆစ်ဆစ်နာကျင်နေခဲ့...

သို့ပေမဲ့
အဖြူရောင်နန်းတွင်းအကျီင်္ရှည်ကို ဝတ်ဆင်ထားတဲ့သူ...
ခါးပေါ်မှာ ကျောက်စိမ်းပြားလေးကို ဝတ်ဆင်ထားတဲ့သူ...
မိုးရည်စက်များနဲ့အတူ ရောထွေးနေတဲ့ မျက်ဝန်းလေးနဲ့ ကျွန်တော့်ကို ကြည့်နေရှာသောသူ...

ထိုပုံရိပ်များပေါ်လာတဲ့ အချိန်တိုင်းမှာတော့ ကျွန်တော့်နှလုံးသားဟာ ရင်ဘတ်ထဲကနေ ကဆုန်ပေါက်ပြီး ပြေးထွက်တော့မည့်အလား နာကျင်မှုများကို သိမ်းကျုန်းယူနေရတယ်။

တော်ပါတော့ဗျာ...
ကျွန်တော့်ကို ဒီထက်ပိုပြီး နာကျင်မှုတွေကို မပေးပါနဲ့တော့။

ဘာကြောင့်မှန်းမသိ သူ့ကိုမြင်နေရတဲ့အချိန်တိုင်း မျက်ရည်ပေါက်များက ရပ်တန့်မှုမရှိ ကျွန်တော့်မျက်ဝန်းထဲကနေ တစ်စပြီးတစ်စ စီးဆင်းလာတယ်။

************************************

ယနေ့ဆိုင်ပိတ်သည်

ဒီစာကြောင်းလေးတစ်ကြောင်းကို မြင်လိုက်ရတဲ့ အခိုက်အတန့်...

ခုနလေးကတင် ခုန်နေသေးတဲ့ ကျွန်တော့်ရဲ့ နှလုံးတွေ ရပ်သွားသလိုပါပဲလား 😣😣😣

သွားပါပြီ။
ဗိုက်ပေါက်ထွက်မတတ်စားခဲ့ရတာတွေ၊ ခွန်းရှီးကို အာပေါက်မတတ်ပြောခဲ့ရတာတွေ...
အခုတော့ အချည်းနှီးပါပဲလား 😑😑😑

ကျွန်တော့်မှာဖြင့် တွေ့ချင်လွန်းလို့
လည်သော်လည်း ကောင်းကောင်းမလည်ရ...ပျော်လိုပေမဲ့လည်း ကောင်းကောင်းမပျော်ရပဲနဲ့ အနှစ်ထောင်သောင်းမက ငရဲကျသလိုအချိန်တွေကို ဖြတ်ကျော်ခဲ့ရတာကို 😭😭😭

Sweet Like Cotton CandyWhere stories live. Discover now