GOG - Part 1.1"ထူးဆန်းတဲ့ ကမ္ဘာ "GOG - Part 1.1"ထူးဆန္းတဲ့ ကမၻာ "

5.6K 544 2
                                    

Unicode
တခြား ဘာကိုမှ ပြောစရာမလိုတော့ပါဘူး..။သူ ကွေ့ဝိုက်ပြီးထွက်ပြေးခဲ့တယ်..။သူ့ရဲ့မီးတောက် အမွှေးဖွားကြက်ကိုလည်း အရေးမစိုက်တော့ဘူး..။ခုချိန် မျှော်လင့်မိတာက သူ့ရဲ့ ခြေတံတိုတိုလေးတွေ နည်းနည်းလောက်ပိုမြန်မြန်ပြေးနိုင်ဖို့ပဲ..။

"ဟွန့် . .! အသုံးမကျတဲ့ကြက်သူခိုး" အံ့အားသင့်စရာကောင်းလောက်အောင်ပဲ...လိုလီတာက ဖန်ကျန်းရှီနောက်ကို လိုက်မဖမ်းခဲ့ဘူး..။အလွန်တရာ မွှေးပျံ့ရနံ့တွေ ပျံ့လွင့်နေတဲ့ ကြက်ကင်ဘက်ကိုပဲ ပြန်လှည့်သွားတယ်..။

"တောင်တွေရှိနေသေးသရွေ့...မြစ်တွေ စီးနေဦးမယ်...။ငါ ပြန်လာခဲ့မယ်..။ ဖန်ကျန်းရှီ သူ့ရဲ့သိက္ခာကို ဘယ်လိုမှ အကျမခံနိုင်ဘူး..။

သူပြေးနေရာကနေ ပြန်လှည့်လာပြီးတော့ သူ့ကိုစောင့်နေမယ့် သူဆီပြန်သွားလိုက်တယ်..။ လိုလီတာက ဖန်ကျန်းရှီကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး...သူမရဲ့ တောက်ပတဲ့မျက်လုံးတွေက စားချင်စဖွယ်ကောင်းတဲ့ ကြက်ကင်ကိုသာ တစိုက်မတ်မတ် ကြည့်နေတယ်..။

အဲ့ဒီနောက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့တာနဲ့ ကြက်ကင်ကို ဖဲ့လိုက်တယ်..။နောက်ပီး ပါးစပ်ထဲကို ကြက်တောင်ပံတစ်ချောင်း ထည့်ပြီး ကိုက်နေတယ်..။အံ့သြသွားတဲ့အမူအရာက သူမရဲ့မျက်နှာမှာ တားမရဆီးမရ ပေါ်လာတယ်..။ကြက်ကင် တစ်ဖက်လေးတောင် ဒီလောက်အရသာရှိလွန်းတယ်..။

အဲ့ဒီနောက် .......

ဖန်ကျန်းရှီပြန်ရောက်လာတယ်..။

လိုလီတာရဲ့နောက်မှာ လေပွေလိုပေါ်လာတော့ လှောင်ပြုံးတစ်ခု သူမ နှုတ်ခမ်းထောင့်မှာပေါ်လာပြီးတော့ ခြေထောက်ကိုမြှောက်လိုက်တယ်...။

သူသေချာချိန်လိုက်တယ်...အဲ့ဒီကောင်မလေး တင်ပါးကို......

နောက် ကြောက်စရာကောင်းလောက်အောင် ပြင်းထန်တဲ့ အရှိန်နဲ့....

ကန်ပလိုက်တယ်....သူ့ကြက်ကင်ကို အငမ်းမရစားနေတဲ့ လိုလီတာ ရှောင်ချိန်လုံးဝမရလိုက်ဘူး...။

" ဗွမ်းးးးခနဲ" လွင့်ထွက်သွားပြီးတော့ မြစ်ထဲပြုတ်ကျသွားတယ်..။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now