GOG - Part 71

2.1K 315 5
                                    

အပိုင်း (၇၁)
“ဖန်ကျန်းရှီကို စိန်ခေါ်ခြင်း”

တိုက်ခိုက်ရေးစာမေးပွဲကျင်းပရာနေရာက ချင်ဖုန်းကျောင်းတော်ထဲမှာဖြစ်တယ် ဒါပေမဲ့ နေရာကတော့ ကျောင်းတော်နောက်က တိုက်ခိုက်ရေးကွင်းပြင်ဆီရွှေ့သွားခဲ့တယ် စင်ကြီးသုံးစင်က သပ်သပ်ရပ်ရပ်နဲ့ တိုက်ခိုက်ရေးကွင်းမှာ နေရာယူထားတယ်

စင်နောက်မှာတော့ တိုက်ခိုက်ရေးစာမေးပွဲရဲ့ဒိုင်လူကြီးတွေထိုင်နေတယ်။

တော်ဝင်သတင်းပို့သူချင်ကတော့ အလယ်ခုံမှာထိုင်နေပြီး ကျန်၂ယောက်ကတော့သူ့ဘေးမှာထိုင်နေတယ် သူတို့တွေထဲကတစ်ယောက်က အမည်းရောင်ဝတ်ရုံကိုဝတ်ထားပြီး သူ့ရဲ့ ၀တ်ရုံပေါ်က ပန်းထိုးတွေက ဟွေ့အန်းဒေသရဲ့နိုင်ငံ့အကြီးအကဲသဏ္ဍာန်လိုပဲ။

တခြားတစ်ယောက်ကတော့ ပညာရှိဆန်ဆန်ဝတ်ထားပြီး လေးဆယ့်ခြောက်လေးဆယ့်ခွန်အရွယ်ရှိတဲ့သူ
သူ့ရဲ့မျက်လုံးသေးသေးလေးတွေက တစ်ဝက်သာသာပဲပွင့်နေပြီး ဆံပင်ဖြူတစ်ချို့က သူ့နားထင်နားမှာ ထင်ရှားနေတယ်။

စာမေးပွဲခန်းစောင့်အချို့က စင်အောက်မှာစောင့်နေကြပြီး။
တိုက်ခိုက်ရေးပြိုင်ပွဲစတင်မဲ့အသံကိုစောင့်ဆိုင်းနေကြတယ်

"တိုက်ခိုက်ရေးပြိုင်ပွဲရဲ့ပထမပွဲစဉ်ကို သုတ်သင်ရှင်းလင်းခြင်းအပေါ်အခြေခံထားတယ်! ငါတို့တွေခေါင်းဆောင်နဲ့နောက်လိုက်ကိုဆုံးဖြတ်ဖို့ မဲနှိုက်ရွေးချယ်မယ် 'ခေါင်းဆောင်'ကိုနှိုက်မိတဲ့သူတွေက စင်ခေါင်းဆောင်တွေဖြစ်ပြီး 'နောက်လိုက်'ကိုရွေးမိထားတဲ့သူတွေထဲက ဘယ်သူ့ကိုမဆို ရွေးချယ်ခွင့်ရှိတယ် နိုင်တဲ့သူက အဆင့်တက်မယ်! ရှုံးတဲ့သူက ဖယ်ရှားခြင်းခံရမယ်! တစ်ပွဲပဲပြိုင်ဆိုင်မှာဖြစ်တယ်!"
တော်ဝင်သတင်းပို့သူချင်က ခပ်မြန်မြန်ပဲ စည်းကမ်းတွေကို ကြေညာသွားတယ်။

ဒီစည်းကမ်းတွေကရိုးရှင်းပြီးရက်စက်ကြမ်းတမ်းလွန်းတယ်။

ဒါ့အပြင် ကံနဲ့အခွင့်အရေးကလည်းအရေးပါသေးတယ် ဘာကြောင့်လဲဆိုတော့ 'ခေါင်းဆောင်'ကိုရွေးမိတဲ့သူက သေချာပေါက် ပိုပြီး အခွင့်အရေးရှိတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now