GOG - Part 75

2.1K 328 7
                                    

အပိုင်း (၇၅)
“နတ်ဆိုး စည်း”

“အမ် .. အဲ့ဒါပြီးတော့ရော” ဖန်ကျန်းရှီက ပြုံးပြီးခေါင်းငြိမ့်လိုက်တော့တယ်။

“မင်းဘာလို့ မအံ့သြတာလဲ။“ လီပေါ်ဝေးက ဖန်ကျန်းရှီရဲ့ အမူအယာ နည်းနည်းလေးမှ ပြောင်းလဲမသွားတာကို ကြည့်ရင်းမေးလိုက်တယ်။ ကြည့်ရတာ အတော်လေး ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားတဲ့ ပုံပဲ။

“ငါက လွယ်လွယ်နဲ့ အံ့သြရမှာလား”

“မင်း ငါပြောချင်တဲ့ အဓိက အကြောင်းအရာကိုကော နားလည်ရဲ့လား”  လီပေါ်ဝေးက ပိုပြီး အားစိုက်ရင်း ပြောလိုက်ပါတယ်။

“အဲ့ဒါပြီးတော့…”

လီပေါ်ဝေးက သိပ်ကို အပြစ်ကင်းစင်တဲ့ မျက်နှာဖုံးစွပ်ထားတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း စိတ်ထဲမှာ တစ်ခုခုကို ရှုံးနိမ့်သွားသလိုမျိုး ခံစားနေရတော့တယ်။  အဲ့ဒီ့နောက် သူ့ရဲ့ အသံကို နှစ်ထောင်ပေါင်းများစွာ အသက်ရှင်လာတဲ့ ပညာရှင်ကြီးတစ်ယောက်လို ပြောင်းလဲပြီးပြောတော့တယ်။

“သေ ”

တစ်ချိန်တည်းမှာပဲ လီပေါ်ဝေးက သူ့လက်ထဲက ဓားကို ဖန်ကျန်းရှီရဲ့ လည်ပင်းကို ချိန်လိုက်ပြီး ထိုးစိုက်လိုက်တော့တယ်။ သူ့ရဲ့ အရှိန်နဲ့ အမြန်နှုန်းက လျှပ်စီးကြောင်းတစ်ခုကို လျင်မြန်လွန်းလှတယ် ။ သူ့ရဲ့ ဓားသွားက လင်းလက်တဲ့ အရောင် ခပ်ဖျော့ဖျော့လေး ထွက်နေတော့တယ်။

“ဒါက လီပေါ်ဝေးရဲ့ ပုန်းကွယ်ထားတဲ့ စွမ်းရည်တွေပဲ”  ဒေသခေါင်းဆောင် ၀မ် ကချက်ချင်းကို မတ်တပ်ထရပ်တော့တယ်။

  “တစ်ခုခု မှားနေပြီ”  တော်ဝင်သတင်းပို့သူ ချင် က တစ်ခုခုကို သတိထားမိသွားတဲ့ ပုံပါပဲ။

“လီပေါ်ဝေးနဲ့ ငါ ချင်းဖုန်းကျောင်းတော်မှာ သင်ကြားနေချိန် တာအို မုခ်ကို အောင်မြင်တာ အချိန် သိပ် မကွာဘူး။ လီပေါ်ဝေးက ဒီလို စွမ်းအား အများကြီးမြင့်နေတာ မဖြစ်နိုင်ဘူး။ ” သက်လတ်ပိုင်း အရွယ် ကျောင်းတော်သားတစ်ဦးက လီပေါ်ဝေးရဲ့ လှုပ်ရှားမှုကို မြင်လိုက်ချိန်မှာတော့ အတော်လေးကို မျက်စိလည်သွားတော့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now