GOG -.part 101

1.9K 289 1
                                    

အပိုင်း (၁၀၁)
“အားလီက အသုံးမကျဘူး”
Translator: Sparrow Translations  Editor: Sparrow Translations
သူတို့ရဲ့ တောက်ပ သစ်လွင်လှတဲ့ သံချပ်ကာ ၀တ်စုံတွေနဲ့ အတူ မြင်းကုန်းနှီးပေါ်မှာ ခန့်ခန့်ကြီးထိုင်နေကြတဲ့ စစ်သည်တော်တွေ ၇ှိနေတယ်။

ဖန်ကျန်းရှီကတော့ ဒီလူတွေရဲ့ တန်ဖိုးကို တွက်ကြည့်နေတယ်။

စိတ်အာ၇ုံနယ်မြေ ၀င်ပေါက်ကတော့ မဟူရာ ကျောက်တုံးပဲ ဖြစ်တယ်။  ကျောက်တုံးတံခါးတွေရဲ့ လေးဘက် လေးတန်မှာတော့ မတူညီတဲ့ ကျောက်မျက် ရတနာတွေ ဟာ တံခါးအလယ်မှာ ၇ှိနေတယ်။ ပလ္လင်ငယ်လေး တစ်ခုပုံစံ ထွင်းထုထားတဲ့  ပန်းချီ တစ်ချပ်ဟာလည်း ရှိနေခဲ့တယ်။

ပလ္လင်ပေါ်မှာတော့ သတ္တု နဲ့ လုပ်ထားတဲ့ အရာတစ်ခု ရှိနေတယ်။ အဲ့ဒီ့ အရာကိုတော့ ကောင်းကောင်း မမြင်ရဘူး ဖြစ်နေတော့တယ်။

အရာအားလုံးကတော့ ချောချော မွေ့မွေ့ ဖြစ်ပျက်နေဆဲပါ။ ဖန်ကျန်းရှီကတော့ ရန်၇ွှယ်နဲ့ ယှဉ်တွဲလျှောက်လာရင်း ကျောက်တုံးတံခါးထဲကို ၀င်လာတော့တယ်။

ခြေချလိုက်တာနဲ့ သူမြင်လိုက်ရတာကတော့ ဖြူဖွေးနေတဲ့ ကမ္ဘာပဲ ဖြစ်တယ်။ အရာအားလုံးဟာ ဖြူဖွေးသန့်စင်လွန်းနေတော့ တခြား အရာတွေကို မမြင်နိုင်ဘူး ဖြစ်နေတော့တယ်။  သို့ပေမယ့်လည်း သူ့ေ၇ှ့က မြင်ကွင်းဟာ ချက်ခြင်းကို ပြောင်းလဲသွားတော့တယ်။ သူ ပြန်ကြည့်လိုက်ချိန်မှာတော့ အရာအားလုံးဟာ ကျောက်တုံးနဲ့ တည်ဆောက်ထားတာတွေ ဖြစ်နေတော့တယ်။ 

ကျောက်စားပွဲ။ ကျောက် သစ်ပင်  ကျောက်ပန်းမန် တွေ…

“ကျောက်တုံးတွေ” ဖန်ကျန်းရှီက စိတ်ထဲ သိချင်လာတယ်။ ဒါက သူ့အတွက်တော့ ပထမဆုံး အတွေ့အကြုံဖြစ်တယ်။   သူလှုပ်ရှားဖို့ ကြိုးစားလိုက်တိုင်းမှာ ဖိအားတစ်ခုက ခေါင်းပေါ်ကို ဖိထားနေသလိုမျိုး တောင်ကြီးတစ်တောင်လို လေးလံ နေခဲ့တယ်။

ဒါက ဘာကြီးလဲ ။ ၀င်လာတာနဲ့ အသက်ရှူချိန်တောင် မပေးပဲ ဖိနှိပ်တော့တယ။်

ဖန်ကျန်းရှီကတော့ သူ့ဘေးမှာရှိနေတဲ့ ၇န်၇ွှယ်ကို ကြည့်လိုက်တော့ ရန်ရွှယ်ရဲ့ အသက်၇ှူသံတွေလည်း လေးလံနေတာကို သတိထားမိသွားတယ်။  သိသိသာသာကို ဖိအား ခံစားနေရတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now