GOG -Part 80

1.9K 282 4
                                    

အပိုင်း (၈၀)
“ငြိမ်သက်လှသော မှင်ကန်”
….. နှစ်ရက်ကြာပြီးနောက် ….. ဖန်ကျန်းရှီဟာ ယုံကြည်မှု မြစ် မြို့တော် တာအို စာမေးပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ခရီးမထွက်ခင် ပြင်ဆင်နေခဲ့ပါတယ်။

ပထမတစ်ကြိမ် ဒေသတွင်း တာအို စာမေးပွဲ သွားဖြေချိန်တုန်းကတော့ အတော်လေး တိတ်ဆိတ်ခဲ့တယ်။

အခုတစ်ကြိမ်မှာတော့ ဖန်ကျန်းရှီ သွားတော့မယ်ဆိုတဲ့ သတင်းကို ကြားတည်းက တစ်ရွာလုံး မနက်စောစောထပြီး ဖန်ကျန်း၇ှီတို့ အိမ်မှာ လာစုရုံးနေကြတာပဲဖြစ်တယ်။  ရိက္ခာခြောက်တွေ သောက်စရာမျိုးစုံတွေကို ဖန်ကျန်း၇ှီ အိတ်ထဲ စုပြုံ ထိုးသိပ်ပြီး ထည့်ပေးနေကြတော့တယ်။

“ ကျန်းရှီ စိတ်မပူနဲ့ ။ မင်းနောက်မှာ တောင်ဘက်တောင်ရွာ တစ်ခုလုံးရှိတယ်။ မြို့တော် စာမေးပွဲကို အောင်သည် ကိစ္စမရှိဘူး။ နှစ်ထပ်ကွမ်းချန်ပီယံဖြစ်လည်း ကိစ္စမရှိဘူး။ အများကြီးသာ မတွေးနဲ့။ အကောင်းဆုံးသာ ဖြေခဲ့။”

“ဟုတ်တယ်။ အကောင်းဆုံးလုပ်နိုင်ဖို့ပဲ အရေးကြီးတာ။ မင်းက ငယ်၇ွယ်သေးတယ်။ နောက်ထပ်နှစ်တွေ အများကြီး ဖြတ်သန်းရအုန်းမှာ”  ချီရှင်းလိန်ကတော့ တစ်ယောက်တစ်ပေါက် အားပေးစကားပြောနေကြတဲ့ ရွာသားတွေကို ကြည့်လိုက်ရင်း ကြေးခွံပြာမြင်းပေါ်ကို မြင်းကုန်းနှီးတင်လိုက်တော့တယ်။

အဲ့ဒီ့နောက် သူ့သားလေးကို သွားပြီး “ကျန်းရှီ အကောင်းဆုံး ဖြေခဲ့နော်။  မဖြေနိုင်ရင်တောင် ၇ှက်စရာမလိုဘူး။ ရှင်းတယ်ဟုတ်။” ဖန်ကျန်းရှီကတော့ အတော်လေးကို သုန်မှုန်နေပါတယ်။

နှစ်ထပ်ကွမ်း ချန်ပီယံဖြစ်တာတောင် ဘာလို့ သူ့အမေကတောင် ယုံကြည်ချက် မရှိဖြစ်နေတာလဲ။

အမေ့သားအရင်းခေါက်ခေါက်ပါ။ ဒါပေမယ့် သူ အကြောင်းတစ်ခုကို နားလည်သွားပြန်တယ်။

ပထမဆုံး တောင်ပေါ်ကို အမဲလိုက်တည်းက သူ့အမေ ချီရှင်းလိန်ဟာ တစ်ခါမှ သားကောင် ရဖို့ မမျှော်လင့်ခဲ့ဘူး။

သူမ လိုချင်တဲ့ တစ်ခုတည်းသော အရာကတော့ “ဘေးကင်းလုံခြုံမှု”  ဒါကြောင့် သူ့သားလေးကို အခုလည်း ဘယ်လို စိတ်ဖိစီးမှုမှ မဖြစ်စေချင်တာ ။ ဖြစ်နိုင်တာကတော့ ဒီအကြောင်းအရာတွေဟာ မိခင်တစ်ဦးရဲ့ သူ့သားလေးအပေါ်မှာ ထားရှိတဲ့  မေတ္တာစစ်ကို ပြနေတာပါပဲ။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now