GOG - Part 2.1"လျှို့ဝှက်ပူးပေါင်းကြံစည်မှု"

3.8K 451 0
                                    

Unicode
"လျှို့ဝှက်ပူးပေါင်းကြံစည်မှု"

"အကို ဖန် ကျွန်မ တခြားအိမ်တွေကို သွားရအုန်းမယ်။ အခုတော့ အစ်မ လီ ပြောတာကို ပြင်ဆင်ရအောင်။ နတ်ဘုရားကျောင်းတော်က လူတွေ ကျွန်မ တို့ ဆီလာတဲ့ အချိန် သူတို့အတွက် စားသောက်စရာတွေနဲ့ တည်းခိုဖို့နေရာ ပြင်ဆင်ပေးရမယ်။ အစ်မလီက "မီးတောက်အမွှေးဖွာကြက် ၄ကောင်" နဲ့ ကျောက်တုံးအိမ် အကြီးတစ်လုံးလှူပေးထားတယ်။ ဒါကြောင့် သူ့ကလေးတွေက ရွေးချယ်ခံစာရင်း ထဲ မပါမနေပါရမယ်။"

ရွာအကြီးအကဲက သူ့ရဲ့လက်ဝါးကြီးကိုမြှောက်လိုက်ပြီး သူ့ရင်ဘတ်သူ ပုတ်လိုက်ပါတယ်။ အဲ့ဒီ့နောက် ဆေးတံကြီးကို ကိုက်ရင်းအသက် ပြင်ပြင်းရှူထုတ်လိုက်ပြီုး မီးခိုးကွင်းကြီးတစ်ခုပေါ်လာအောင် လုပ်လိုက်ပါတယ်။

". ဒါက မီးတောက်အမွှေးဖွာကြက်ပဲ မဟုတ်ဘူးလား? ကျွန်မ အခုချက်ခြင်း သွားချေးလိုက်မယ်" ချီရှင်းလိန်က သူ့ရဲ့ အင်္ကျီ က်ို သပ်ရပ်အောင်လုပ်ရင်း အပြင်ထွက်ဖို့ ပြင်လိုက်တယ်။

ဖန်ကျန်းရှီကတော့ အတော်လေး အံ့သြနေပါတယ်။ သူ့အမေက မဖြစ်မနေ ကိစ္စ မဟုတ်ရင် အိမ်နီးချင်းဆီက ချေးငှားတာ မလုပ်ဖူးလေ။ အခုတော့ သူမ က ကြက်သွားချေး မလို့တဲ့ လား?

"အစ်မ ရှင်းလိန်က ကြက်သွားချေးမယ်တဲ့လား?? " ဟား ဟား ဟား ကျွန်မကြားတာ မမှားပါဘူးနော်? ဒီရွာထဲမှာ ကြက် နည်းနည်းပဲရှိတာ။ အခု နတ်ဆိုးကျောင်းတော်ကလည်း လာတော့မှာ လူတိုင်းက မျက်နှာသာရအောင် ဧည့်ခံဖို့ ကြိုးစားနေတဲ့အချိန် အစ်မက ဘယ်လိုသွားချေး မှာလဲ?

အဒေါ်လီရဲ့ အဆီတွေ တုန်ခါတဲ့ အထိ လှုပ်ယမ်းရယ်မောနေတဲ့ ခန္ဓာကိုယ်ကြီး ကို ကြည့်ရင်း ဖန်ကျန်းရှီ စိတ်ရှုပ်လာမ်ိတော့တယ်။

"

"ဒါ ဒါက ...... " ချီရှင်းလိန်မှာတော့ စကားလုံးတွေ ဆွံ့အ ပျောက်ဆုံးသွားခဲ့တယ်။

"အစ်မ ရှင်းလိန် . ကျွန်မပြောမယ် ဒီ တောင်ဘက်တောင်ရွာ မှာ မိသားစုထောင်ချီ ရှိတယ်။ ဒါပေမယ့် မိသားစုတိုင်းတော့ ရွေးချယ်ခံခွင့်မရှိဘူး။ တွေးကြည့်စမ်းပါ။ နတ်ဆိုးကျောင်းတော်က လူတွေလာတဲ့ အချိန် ရလဒ် မကောင်းရင် မျက်နှာရမှာလည်းမဟုတ်ဘူး။ ကျောင်းခွဲလည်း ဖွင့်နိုင်မှာ မဟုတ်ဘူး" အဒေါ် လီက နောက်တခါ အကြံပေးပြန်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now