GOG -Part 74

2K 341 5
                                    

အပိုင်း (၇၄)
“လရောင်အောက်ကလူ”

လီဟူအာရဲ့ အမူအယာကတော့ အတော်လေးကို ပျက်ယွင်းနေပါတယ်။

သူ့ရဲ့ ပန်ဒါ မျက်လုံးတွေကတော့ အဇူရာ ကောင်းကင်ပြာကြီးကိုသာ မျက်တောင်မခတ်စတမ်းကြည့်နေတော့တယ်။

သူ့အကြည့်တွေကတော့ မနိုင်မယ်မှန်းသိတဲ့ စစ်ပွဲမှာ အသေသွားခံမယ့် စစ်သားတစ်ယောက်အတိုင်းပါပဲ။

“ငါမင်းကို အရှုံးပေးမယ် ဒါပေမယ့် ဂုဏ်ရှိရှိလေးတော့ ရှုံးရအောင် လုပ်ပေးပါ။” ဖန်ကျန်းရှီကို အတွေးအခေါ်စာမေးပွဲမှာတုန်းက အထင်သေး လှောင်ပြောင်ခဲ့ပင်မယ့်လည်း အခု တိုက်ခိုက်ရေးစာမေးပွဲမှာတော့ သူ့အကြောင်းသူသိတယ်လေ။

“ဟူအာက ဘယ်လိုနည်းလမ်းသုံးမှာလဲ” ဖန်ကျန်းရှီက ပြုံးပြီးတော့မေးလိုက်တယ်။

“ဥပမာပြောရရင်  တိုက်ပွဲမစခင်မှာ  ပထမဆုံး အခေါက်နှစ်ဆယ်ထိရေတွက်မယ်လေ။ အဲ့ချိန်လောက်ထိတော့ တောင့်ခံနိုင်အောင်လုပ်ပေးပါ။ ” လီဟူအာ

သူ့အတွက် အဆင်ပြေမယ့် နည်းလမ်းကို သေချာစဉ်းစားပြီးမှပြောလိုက်တော့တယ်။

ဒီလိုလုပ်တာက အနည်းဆုံးတော့ တစ်ချက်တည်း အလဲထိုးခံရတာထက်တော့ မျက်နှာပန်းလှတယ်လေ။

ဖန်ကျန်းရှီကတော့ သူ့အစီအစဉ်နဲ့သူ အဆင်ပြေနေတဲ့ လီဟူအာကို ဟာ ပြုံးပြုံးကြီးကြည့်နေတော့တယ်။

သိပ်မကြာခင်မှာပဲ ဖန်ကျန်းရှီ တိုက်ခိုက်ရမယ့် အလှည့်ကို ရောက်လာတော့တယ်။ စင်မြင့်ပေါ်ကို ရောက်သွားချိန်မှာတော့ ဖန်ကျန်းရှီပေါ်ကို လူသုံးယောက်ရဲ့ အကြည့်တွေဟာ စူးစိုက်စွာ ကျရောက်နေတော့တယ်။

စင်အောက်မှာတော့ စောင့်ကြည့်နေကြတဲ့ ကျောင်းတော်သားတွေရှိတယ်။ စောင့်ကြည့်သူ စင်မှာတော့ ရန်ရွှယ်ဟာလည်း ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။

ဒီအချီကတော့ ခန့်မှန်းရတာ လွယ်လွန်းလှတယ် ။ ဖန်ကျန်းရှီရဲ့ ပြိုင်ဘက်က အားနည်းလွန်းတယ်လေ။ ပထမပွဲကိုတောင် ခက်ခက်ခဲခဲ နိုင်ခဲ့တာ။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now