GOG - Part 127+128

1.9K 258 24
                                    

အပိုင်း (၁၂၇)
“ ကောင်းကင် တာအို ကျောင်းတော် သား ” 
Translator: Sparrow Translations  Editor: Sparrow Translations

ဒေသမှူးရဲ့ စိတ်ထဲမှာတော့ စိတ် မှာတော့ စိတ် လှုပ်၇ှားမှုတွေ ပြည့်နေခဲ့တယ်။  ဒီ တာအို ခန်းမ ဆိုတဲ့ အဓိပ္မာယ်က သာမာန် မဟုတ်မှန်း သူကောင်းကောင်း သိတယ်။  ဘာကြောင့် လဲ ဆိုတော့  နတ်ဆိုးကျောင်း တော်ရဲ့ သမီး တော် ကိုယ်တိုင် စီစဉ် ပေးတဲ့ ကျောင်းတော် ဖြစ်တဲ့ အတွက်ပဲ ဖြစ်တယ်။

မြူနှင်းတွေ ကြားမှာ ထွက်ပေါ် နေတဲ့ မြင်းခွာ သံတွေက နီးသထက် နီးလာတော့တယ်။

မြင်းတစ်ကောင်ကို စီးနင်းလာတဲ့ပုံ၇ိပ် ဟာ ပေါ်လာတော့တယ်။ မိုးပြာေ၇ာင် ၀တ်စုံဟာ  လေထဲမှာ တလွင့် လွင့် ဖြစ်နေတော့တယ်။  သူ့ရဲ့ နှုတ်ခမ်းစွမ်းတွေ ဟာ တွန့်ကွေးရင်း အပြုံး တစ်ခု ဖြစ်ပေါ်နေတယ်။

“ ဖန်ကျန်းရှီလား။”  ဒေသမှူးရဲ့ မေးရိုးဟာတော့ ပွင့်ကျသွားတော့တယ်။ ပါးစပ် အဟောင်းသား ဖြစ်သွားတော့တယ်။

ဒေသတွင်း တာအို စာမေးပွဲဟာ ဒေသမှူး စီစဉ်တာ ဖြစ်တဲ့ အတွက် ဖန်ကျန်းရှီကို ကောင်းကောင်းသိတယ်။ ဒါပေမယ့် သူ ဟာတော့  မယုံကြည် နိုင်မှုနဲ့ ပြည့်နေတယ်။

“ ဖန်ကျန်းရှီ ပြန်လာတယ်။”

“သူက ဘာလို့ ပြန်လာတာလဲ။ နတ်ဆိုးကျောင်းတော်မှာ ကျင်းပတဲ့ စားသောက်ပွဲကို တက်ရမှာ မဟုတ် ဘူးလား။”
ရွာသွားတွေ ဟာတော့  မြူနှင်း ကြားက ပေါ် ထွက်လာတဲ့ ပုံ၇ိပ်ကို ကြည့်ရင်း သူတို့ရဲ့ အကြည့်တွေ ဟာ စိတ်ရှုပ်ပြီး ထိတ်လန့်နေဟန် ဖြစ်နေတော့တယ်။

ဒေသမှူးဟာလည်း ပဲ စိတ်ရှုပ်နေခဲ့တယ်။ နတ်ဆိုးကျောင်းတော်ရဲ့ ဖိတ်ခေါ် မှုက တကယ့်ကို အရေးကြီး လွန်းတယ်။ ဒီ လို အခွင့်အရေးကောင်းမျိုး အတွက်လူတွေ ဟာ ရွှေရောင် မြို့တော်ကြီး  ဆီကို အပြေးအလွှား သွားကြပြီး  သူတို့ နီးစပ်ရာ အသိုင်းအ၀ိုင်း တွေရဲ့ အကူအညီနဲ့ နတ်ဆိုးကျောင်းတော်မှာ ပြုမူရမယ့် အလေ့အကျင့်တွေကို သင်ကြားနေကြပြီ ဖြစ်တယ်။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ ရွာကို ပြန်လာဖို့ ရွေးခဲ့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now