GOG- Part 3.1"တာအို နိယာမ"

3.4K 445 6
                                    

Unicode

#နတ်ဘုရားမုခ်ဝ
#ဖန်ကျန်းရှီ
#GOG

အပိုင်း (3) အပိုဒ် (2)

"တာအို နိယာမ"

Translator:Sparrow Translations | Editor: JTJTY97

"မျှော်လင့်ချက် ? မျှော်လင့်ချက်ဆိုတာ အစတည်းက တခြားသူတွေအတွက်ပဲ။ ရွာလူကြီးရဲ့ အပြုအမူကို မမြင်ဘူးလား နတ်ဆိုးကျောင်းတော်က ဒီမှာ ကျောင်းခွဲလာဖွင့်ရင်တောင် ကျန်းအာ အတွက် အခွင့်အရေးက လာမှာ မဟုတ်ဘူး။ "

ချီရှင်းလိန်ဒေါသတကြီးနဲ့ သူ့သားရဲ့ လက်ကို ဆုပ်ကိုင်ထားတာ ဖန်ကျန်းရှိ ခမျာတော့ မြေကြီးနဲ့တောင် အတော်လွတ်နေပြီ။

မေမေ။ ကျွန်တော့်ရဲ့ ချစ်မေမေရယ်။ ဒီလောက်ထိ ဒေါသမထွက်ပါနဲ့ ဗျာ။ ဗူးသီးလုံးလောက် မျက်ရည် စက်တွေ ဖန်ကျန်းရှီ ပါးပြင်ပေါ်ကနေ စီးကျလာတယ်။ ဘယ်လို မိခင်မျိုးကများ ကိုယ့်သားရတနာလေး ဒီလိုငိုကြွေးနေတာကို ကြည့်ရက်နိုင်ပါမလဲ?"

" မေမေ သား လက်နာနေပြီ......" ဖန်ကျန်းရှီကတော့ တွေးလိုက်မိတယ်။ သူသာ အခုချိန် အသံမထွက်ရင် သူ့ လက်မောင်းတော့ သွင်သွင် ကျိုးတော့မှာပါပဲ ။

" အိုက်ယား မေမေ့ချစ်သားလေး ဘယ်နားနာသွားလဲ မေမေ့ကိုပြော? သားလက်ကို နာအောင် ဘယ်သူလုပ်တာလဲ? " သူ့သားလက်ကို ငုံ့ကြည့်မိလိုက်တော့ လက်မောင်းပေါ်မှာ အနီအမှတ် လက်ရာကြီး တစ်ခုဖြစ်နေတာကိုတွေ့လိုက်တယ်။ ကတော့ သူ့ရဲ့ သားရတနာလေးကို တစ်ယောက်ယောက်က အနိုင်ကျင့်ပြီး ဒဏ်ရာရအောင် လုပ်လိုက်တယ်လို့ တွေးမိလိုက်တယ်။

အားနဲ့ အဖိခံထားရတာကြောင့် သွေးကြောတွေတောင် ညိုနေပြီ။ ချီရှင်းလိန်ခမျာ မျက်ရည်လေး တစမ်းစမ်းနဲ့ ဖြစ်လာတော့တယ်။

"ကျန်းအာ မေမေ့ အသည်းလေး ။ သားက မေမေ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ဒီစကားလုံးကို ကောင်းကောင်းမှတ်ထား " အရာအားလုံးရဲ့ ဖြစ်တည်မှု တာအို " လီမိသားစုကို အင်အားကြီးတယ်လို့ မတွေးနဲ့ သား။ သူတို့က ရိုင်းစိုင်းပြီး အဆင့်အတန်းမရှိတဲ့သူတွေ ထက်မပိုဘူး။"

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now