GOG - Part 135

1.7K 259 3
                                    

အပိုင်း ( ၁၃၅)
" သေခြင်းတရားကို စေ့စေ့ကြည့်ပြီးရင်ဆိုင်လိုက်ပါ။ မင်း ပြန်လည် မွေးဖွားလာလိမ့်မယ်။"

Translator: Sparrow Translations Editor: Sparrow Translations

ဒီ အချိန်မှာတော့ ဖန်ကျန်းရှီ ဟာ သွားဖြီးပြနေတာကြောင့် သူ့ရဲ့ အပြုံး ဟာ ထူးဆန်းနေခဲ့တယ်။ ဒါ့အပြင် သူဟာ သိပ် ပြိးတော့ ပျော်ရွှင်စွာပြုံးနေတာ ဖြစ်တယ်။

လူတိုင်းရဲ့ အကြည့်တွေအောက်မှာ ချီကူယန် ဟာတော့ ဖန်ကျန်းရှီကို အဓိက ထိုင်ခုံဆီ တလေးတစားနဲ့ ဖိတ်ခေါ်သွားတော့တယ်။

ဒီ အဖြစ်ဟာ

မြို့တော်ကြီး ငါးခုက ကျောင်းတော်သားတွေ ရှေ့မှာ ဖြစ်တယ်။ ဒါ့အပြင် ချီဟို့နဲ့ သခင်မချီလည်း ရှိနေတယ်။

ခေါင်းကိုက်စရာ ကောင်းလောက်အောင် ဒီလိုမျိုး မိန်းမငယ်လေးရဲ့ လက်မောင်းကို လူအများေ၇ှ့မှာ ဆုပ်ကိုင်ထားတာက

ကြာပန်းဖြူလေးကို ညှိုးနွမ်းအောင် လုပ်နေတာပဲ မဟုတ်ဘူးလား။

" သူ ... သူ ချီကူယန်ရဲ့ လက်ကို ကိုင်ထားတယ်။ လက်ကို ဆောင့်ဆွဲနေတာ။"

မြင်နေရသူ အပေါင်းရဲ့ စိတ်ထဲမှာတော့ အတွေးတစ်ခုဝင်လာပြီးနောက် သူတို့ရဲ့ မျက်လုံးတွေ ၀ိုင်းစက်သွားတော့တယ်။ ဒီအချိန်အခိုက်တန့်မှာတော့ လေထု တစ်ခုလုံးဟာ အေးခဲသွားပြီးတော့
လူတွေဟာ အသက်ရှူဖို့ မေ့လျော့ကုန်ကြတယ်။

ချီဟို့လည်း မျက်လုံးပြူးနေတော့တယ်။ မြောက်ပိုင်းဒေသကို စောင့်ကြပ်သူ မြောက်ပိုင်း လူမျိုးစုတွေကို အောင်နိုင်သူ အရှင် သံမဏိ သွေးသခင် ချီဟို့ ဟာတော့ စစ်ပွဲတွေမှာ တောင်
မကြုံခဲ့ရတဲ့ စိတ်လှုပ်၇ှားမှုကို ခံစား နေရတယ်။

သခင်မ ချီဟာလည်း တုံ့ပြန်မှု အတူတူပါပဲ။

တော်ဝင်ဆန်ပြီး ကျက်သရေ ရှိလှတဲ့ အမျိုးသမီးဟာတော့ ပထမဆုံး အကြိမ်အနေနဲ့ သူမရဲ့ နှလုံးသားဟာ လည်ချောင်း ကနေ ခုန်ထွက်တော့မယ်လို့ ခံစားနေရတယ်။

သူမရဲ့ သမီးလေး က အတင်းအကြပ် ခိုင်းစေ ခံနေရတာလား။ နောက်ပြီးတော့ ပြုလုပ်သူက တောသား တစ်ယောက် ဖြစ်တယ်။ ကျောင်းတော်သား လူငယ်တွေနဲ့ မြောက်ပိုင်းဒေသ
ရုံးတော်သားတွေ အကုန်ရှေ့မှာ ဖြစ်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now