GOG - Part 130

1.9K 278 10
                                    

Apr 6မှ ပြန်လာပါတော့မယ် စာမေးပွဲ ရှိတာကြောင့် ခေတ္တ ရပ်နားလိုက်ပါပြီ။

အပိုင်း ( ၁၃၀)
“ နတ်ဆိုးကျောင်းတော်  စားသောက်ပွဲကြီး ”
Translator: Sparrow Translations  Editor: Sparrow Translations

နတ်ဆိုးကျောင်းတော်ဟာ မြောက်ပိုင်း ဒေသ မှာ မြို့တော်ကြီး ငါးခုနဲ့ ၀န်းရံထားပြီးတော့ ယနေ့ရဲ့ လုံခြုံ မှု အခြေအနေကတော့ သံမဏိ သံချပ်ကာလိုပဲ  ဖြစ်ပါတယ်။

ဒီ အချိန်မှာတော့ နတ်ဆိုးကျောင်းတော်ရဲ့ တံခါးမကြီး တစ်ဖက် တစ်ချက်စီမှာ ကြီးမားလှတဲ့ ကျောက်စိမ်း ရုပ်တုကြီးတွေ ဟာ ရှိနေတော့တယ်။  ခမ်းနား ထည်ဝါတယ်။ ဒါ့အပြင် ရုပ်တုကြီးတွေရဲ့ ဘေးဘက်မှာတော့

တပ်နီတော်ကြီးရဲ့ စစ်သည်တော်တွေ ဟာ တောက်ပလှတဲ့ သံချပ်ကာတွေကို ၀တ်ဆင်ထားပြီးတော့ စောင့်ကြပ်နေကြတယ်။ သူတို့ရဲ့ အမူအယာတွေကတော့ ရေခဲ တမျှ အေးစက်လွန်းလှပြီး အနီးနားမှာ ဖြစ်ပျက်နေသမျှကို သတိကြီးကြီးနဲ့ စောင့် ကြပ်နေ ဟန်ပါပဲ။

နတ်ဆိုးကျောင်းတော်ကြီး ရဲ့ ဒီနေ့ စားသောက်ပွဲကြီး ဟာ လွန်စွာ မှ အရေးကြီး လှတယ် ဆိုတာ သူတို့ကောင်းကောင်း သိတာကြောင့် ဖြစ်တယ်.။

မြောက်ပိုင်းဒေသရဲ့ မြို့တော်ကြီး ငါး ခုထဲမှာတော့ တရားဝင် အဆင့်ငါး နဲ့ အထက်ကို ရရှိသူ အကုန်လုံးဟာ ရောက် ရှိနေကြပြီ ဖြစ်တယ်။  ဒါတင်မကပါ ဘူး။   အနောက် ပိုင်း လျန် ဒေသ ။ တောင်ပိုင်း နယ်မြေ။ အရှေ့ပိုင်း ဒေသ က ထူးချွန်ကျောင်းတော်သားတွေ ဟာ စားသောက်ပွဲ အတွက် စုဝေးလာကြပြီ ဖြစ်တယ်။

အကြောင်းရင်းကတော့ သိပ်ကို ရိုးရှင်းလှပါတယ်။

ကြီးမြတ်သောရှ မင်းဆက်က အတော်ဆုံး မိန်းမပျိုလေး ချီကူယန် ကြောင့်ပဲ ဖြစ်တယ်။

တရားဝင် ရုံးတော်သားတွေ အတွက်  ဒီလို အနာဂတ် နံပါတ် တစ် အုပ်ချုပ်သူ တစ်ယောက် ဖြစ်လာဖို့ ရှားပါး အခွင့် အရေး တစ်ခု ဖြစ်တယ်။ ကျောင်းတော်သားတွေ နဲ့ လူငယ်တွေ ရဲ့ စိတ်ထဲမှာ တော့ နက်၇ှိုင်းတဲ့ အဓိပ္မာယ် အသီးသီး ရှိနေကြတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now