GOG - Part 105

1.8K 308 8
                                    

အပိုင်း (၁၀၅)
“မြန်မြန်လာစမ်းပါ။”
Translator: Sparrow Translations  Editor: Sparrow Translations
စိတ်အာရုံနယ်မြေထဲမှာတော့ ကျောင်းတော်သားတွေဟာ သူတို့မျက်စိေ၇ှ့က အဖြစ်ကို အံ့သြနေကြဆဲဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အခုချိန်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ သူတို့ လုံးဝကို နားမလည်နိုင်ကြလို့ပါပဲ။

ဒါမှမဟုတ်။ သူတို့တင် နားမလည်တာ မဟုတ်ပဲ ခိုင်ယွင်ဖုန်းနဲ့ လူငယ် လေးယောက်ပါ ကြောင်တောင်တောင် ဖြစ်နေကြတယ်။

အခုက ဘာဖြစ် နေလဲဆိုတာ နားမလည် နိုင်ဘူးဖြစ်နေကြတယ်။

လူတစ်ယောက်ကို တိုက်ခိုက်ဖို့ေ၇ွးချယ်လိုက်မယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်လဲ။  အခုတော့ သူ့ေ၇ှ့တည့်တည့် မှာ ရပ်ပြီး စော်ကားမော်ကား ပြောသွားတဲ့ကောင်အခုချိန်မှာ ထွက်ပြေးနေတယ်။ 

ဒါက အရမ်းကို ဆွံ့အစေတယ်။

“ကျောက်တုံးမိုးနယ်မြေဆီကို သူပြေးသွားတယ်။”

“ ဒီကောင် ကျောက်တုံးမိုးကို ဖြတ်နိုင်မယ်လို့တွေးနေတာလား။”

“တစ်ခုခု လွဲနေတယ်လို့ ငါထင်တယ်။   ဒီ နယ်မြေထဲကို သူ့ဘာသူ ဖြတ်ဝင်ပြီး  ပထမအချီကို အောင်ဖို့ ကြိုးစားနေတာဖြစ်မယ်။”

“ ကျောက်တုံးမိုးနယ်မြေထဲကို ဖြတ်မယ်။ ဒါ သေကြောင်းကြံနေတာ မဟုတ်ဘူးလား။ နောက်ပြီး ခိုင်ယွင်ဖုန်းက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဖန်ကျန်းရှီကတော့ ကျားေ၇ှ့က ၀ံပုလွေဖြစ်တော့မယ်။”

ဖန်ကျန်းရှီ ကျောက်တုံးနယ်မြေထဲ တိုးဝင်သွားတာကို ကြည့်၇င်း ကျောင်းတော်သားတွေဟာ အမျိုးမျိုး ဆွေးနွေးပြောဆိုနေကြတော့တယ်။

တခြားတစ်ဖက်က ခိုင်ယွင်ဖုန်းဟာ တော့ အေးစက်စက် အပြုံးတစ်ခု ရှိနေတော့တယ်။

ဖန်ကျန်းရှီကို သူတားမြစ်ဖို့ မဆုံးဖြတ်ထားဘူး။   လွတ်လွတ်လပ်လပ်သွားခွင့်ပြုထားတာဖြစ်တယ်။  အပြင် ကမ္ဘာမှာ အန္ထရာယ် ကြီးသလို ဆွဲငင်အား ကမ္ဘာမှာ ပိုလို့တောင် အန္တရာယ်
များသေးတယ်။

ကျောက်တုံးမိုးရဲ့ နည်းလမ်းက ရှုပ်ထွေးတယ်။ လှုပ်ရှားနေတဲ့ သူကို ချိန်သားတကျ ဒဏ်ရာရအောင် လုပ်နိုင်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now