GOG - part 6" ကစားပွဲကနေ ထွက်ပြီ"

3.1K 384 0
                                    

unicode
#နတ်ဘုရားမုခ်ဝ
#ဖန်ကျန်းရှီ
#GOG

အပိုင်း(၆)

"ကစားပွဲ ကနေထွက်ပြီ"

အော်ဟစ်ငိုယိုသံတွေ ပွက်လောရိုက်နေတဲ့ သွေးပန်းချီရေးဆွဲခြင်း ပြီးဆုံးသွားပြီးနောက် စစ်သည်တွေက အသေးစိတ် ပြန်စစ်ဆေးကြတယ်။ ပြီးနောက် ရလဒ်ကို ထုတ်ပြန်ကြတယ်။

မူမမှန်တဲ့သူမရှိဘူး။

ပါဝင်ယှဉ်ပြိုင်သူ အယောက် ၄၀လုံးမှာ မကောင်းဆိုးဝါး ပူးကပ်နေတဲ့သူ တစ်ယောက်မှ မပါဘူးဆိုတာ အတည်ပြုခဲ့ကြတယ်။ ဒါနဲ့ ရွှမ် ကောင်းကင်တာအိုကကော။ ကံမပါ ကြရှာပါဘူး။ အကုန်လုံး အငြင်းပယ်ခံ လိုက်ရပါတယ်။

ဖန်ကျန်းရှီကတော့ မြောက်ရွာတစ်ခုလုံးမှာတောင် ဒုတိယအဆင့် ကောင်းကင်တာအို တစ်ယောက်ပဲ ရှိတယ်လို့ပြောသံကြားလိုက်တယ်။

ခနနေပါအုန်း။ ဒုတိယ ? ဖန်ကျန်းရှီ ရုတ်တရက် အတွေးပေါက်သွားတယ်။ ဘယ်သူက ပထမ လဲ? သူတွေးတွေးမိခြင်း မေးဖို့ပြင်လိုက်တဲ့ အချိန်မှာပဲ ရွာသားတွေအကုန်လုံးက ပြိုင်ပွဲရဲ့ ဒုတိယ အဆင့် စမ်းသပ်မှုကို အာရုံစိုက်နေကြတာကို တွေ့လိုက်ရတယ်။

စစ်သည်တွေဟာ သုံးချောင်းထောက် အိုး ကြီးကိုသယ်ဆောင်လာ ကြပြီး စင်မြင့်ရှေ့မှာ ထားလိုက်ကြတယ်။

စစ်သည်တွေရဲ့ ကြီးကျပ်မှုအောက်မှာ ယှဉ်ပြိုင်သူတွေဟာ အိုးကြီးတွေကို မကြရတယ်။ 
ပြိုင်ပွဲဝင်တွေက တစ်ယောက်ထက် တစ်ယောက်  သန်မာကြောင်း အင်အားတွေ ထုတ်ပြကြပြီး စံချိန်တွေက်ို ချိုးပြကြတယ်။ ဖန်ကျန်းရှီ သူ့အတွေးတွေကို စုစည်းလိုက်ပြီး စိတ်ထဲမှာ ပုံဖော်နေမိတယ်။

သူ့နားထဲမှာ ငိုသံတိုးတိုးလေး ကြားလိုက်ရတယ်။

ဟို ကြည့် ဒီကြည့် လုပ်လိုက်တော့ လီဟူအာ င်ိုနေတာကို မြင်လိုက်ရတယ်။ ဖန်ကျန်းရှီကတော့ ပဟေဠ်ိဖြစ်နေမိတယ်။ သူ လီဟူအာကို အရူးမလုပ်ခဲ့ ရသေးပါဘူး။ အခု ဘာတွေဖြစ်လို့လဲ။

သူ အာရုံစိုက်ပြီး ကြည့်လိုက်တော့  ၂၅ ကီလို လေးတဲ့ သုံးချောင်းထောက် အိုးကြီးရဲ့ရှေ့မှာ မျှော်လင့်ချက်တွေ  ပဲ့ကြွေကုန်တဲ့ ကလေးတစ်ယောက်လို ငိုကြွေးနေတာကို တွေ့လိုက်ရတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now