GOG - Part 68

1.8K 276 1
                                    

အပိုင်း (၆၈)
“ဒဏ္ဍာရီတစ်ခုကိုနောက်ချန်ထားနိုင်ခြင်း”

အောင်စာရင်း တွေထုတ်ဖို့နီးလာတာနဲ့အမျှ ချင်းဖုန်းကျောင်းတော်ရဲ့ဝင်ပေါက်မှာ လူအုပ်ကြီးကစတင်စုဝေးလာတယ် ဖန်ကျန်းရှီ ချင်းဖုန်းကျောင်းတော်အ၀ကိုပြန်လာတဲ့အချိန်မှာပဲ လီဟူအာရဲ့အော်သံက သူ့နားထဲတစ်ဖန်ဝင်ရောက်လာပြန်တယ်

"ဖန်ကျန်းရှီ..မြန်မြန်..ဒီကိုလာခဲ့ ငါမင်းအတွက်နေရာဦးပေးထားတယ်!"

ဖန်ကျန်းရှီက တစ်ချက်ကြည့်လိုက်ပြီးတော့ သတိမထားမိတဲ့ပုံနဲ့ ဘေးကိုဆက်လျှောက်သွားတယ်

"ဟမ်...သူဘာလို့အဲကိုသွားတာလဲ..သူ အဆင့်ထဲမပါရင် ဖြစ်ပျက်သွားမဲ့ရုပ်ကိုငါတို့မြင်မှာကြောက်နေတာပဲဖြစ်မယ် ဟား ဟား ဟား...ဒီနေရာကိုငါ့အတွက်ဖယ်ပေးထား ငါသူ့ကိုဒီနေရာကိုခေါ်လာခဲ့မယ်!"

လီဟူအာက ဒီအချိန်ကိုစောင့်နေတယ်ဆိုတာ အထင်အရှားပဲ ဖန်ကျန်းရှီ စိတ်ပါတာမပါတာကိုဂရုမစိုက်ပဲ အတင်းအကြပ်ကြီး သူဖယ်ပေးထားတဲ့နေရာကို အတင်းဆွဲခေါ်လာခဲ့တယ်

ဖန်ကျန်းရှီက သက်ပြင်းရှည်ကြီးချလိုက်တယ်...ငါမင်းကို ကောင်းကောင်းဆက်ဆံရဲ့သားနဲ့ မင်းကတော့
ဥပေက္ခာပြုပြီး အသိအမှတ်မပြုဘူး..ဘာလို့လူတွေထဲမှာ သူတို့ရဲ့မျက်နှာကိုဖြတ်ရိုက်ခံရအောင် ကြိုးစားနေတဲ့ လူတွေရှိနေရတာလဲ။

"ကျန်းရှီ...အဆင့်ထဲမပါမှာမစိုးရိမ်နေနဲ့ မင်းက ပထမအဆင့်ထဲတစ်ခါပါပြီးသားပဲကို..ရွာကိုစိတ်အေးလက်အေးပြန်လို့ရတယ်!"
လီကျွမ်းစီက ဖန်ကျန်းရှီ လျှောက်လာတာကိုမြင်တော့  လှမ်းပြောလိုက်တယ်။

တခြားစာမေးပွဲဝင်ဖြေသူတွေပါဖန်ကျန်းရှီကိုမြင်သွားချိန်မှာတော့ သူတို့တွေအပူတပြင်း စဆွေးနွေးကြတော့တာပဲ ပထမတစ်ကြိမ်တုန်းကလို အရမ်းအသံမကျယ်တော့ပေမဲ့ ဒါက နှိုင်းယှဉ်တာသက်သက်ပါပဲလေ။

လူလိမ် နှာဘူးကောင် သူသေချာပေါက် အဆင့်ထဲပါမှာမဟုတ်ဘူး! ဒီလိုမျိုးကျိန်ဆဲတာတွေကို ခုထိရှောင်ဖို့မဖြစ်နိုင်သေးဘူး

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now