GOG- part 118

1.7K 299 8
                                    

အပိုင်း (၁၁၈)
“တောင်နဲ့ မြစ် ရုပ်ပုံလွှာ”
Translator: Sparrow Translations  Editor: Sparrow Translations

တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီ အကြောင်းရာက ကြွားဝါနေတာ လို့ သိသာတယ်။ ဒါပေမယ့်လည်း သေသေချာချာ လေ့လာပြီးတဲ့ နောက်မှာတော့ ဒီ စကားတွေဟာ ဘယ်လောက်တောင် ပညာ ဥာဏ်ပြည့်ဝလဲ ဆိုတာ သိနိုင်တယ်။

ဥပမာ အားဖြင့်  လူ တစ်ယောက်က ပျော်ရွှင်မှုတွေနဲ့ ပြည့်နေချိန်မှာ သူ့ရဲ့ အင်အားဟာ ပိုပြီး ကြီးမားတယ်။  ဒါပေမယ့် ၀မ်းနည်းနာကျင်မှုတွေနဲ့ အပြင်းအထန် ခံစားနေရချိန်မှာတော့ အင်အားက ထိန်းချုပ်မရနိုင်တော့ဘူး ဖြစ်လာတော့တယ်။

လူတစ်ယောက်ကို ကာကွယ်ဖို့။

အချစ် ၊ မိသားစု ၊ ခင်မင်ရင်းနှီးမှုတွေပေါ်ကို မူတည်ပြီး ဖြစ်ပေါ်လာတဲ့ တစ်စုံတစ်ဦးကို ကာကွယ်ပေးလိုစိတ် တစ်မျိုးဖြစ်တယ်။ ခြုံငုံပြောရမယ် ဆိုရင်တော့ ကိုယ်ကျိုးမငဲ့ ဘူး။ ကာကွယ်ပေးလိုစိတ်တစ်ခုတည်းကိုပဲ ရည်၇ွှယ်ပြီးတော့ အရာအားလုံး ပေးဆပ်ရရင်တောင် ကြံ့ကြံ့ခံနိုင်တယ်။ ဖန်ကျန်းရှီ အသုံးချလိုက်တာကတော့ သေခြင်းကနေ လွတ်မြောက်လိုစိတ်။ ပြင်းပြတဲ့ စိတ်ဆန္ဒ ပဲ ဖြစ်တယ်။

အလားလာ ရှိတဲ့ လူတစ်ယောက် က တကယ့်ကို ခန့်မှန်းရခက်တယ်။

……

ရန်၇ွှယ်ကတော့ ထပ်ပြီး မပြောတော့ပါဘူး။ ဖန်ကျန်းရှီက ဒီနေ့ သူ့ကို ထိတ်လန့်စေတာ တော်တော်များနေပြီ။  သူ့ဘ၀ တစ်သက်တာလုံး ကြုံတွေ့ခဲ့ရသမျှ အတွေ့အကြုံတွေက ဒီနေ့ အတွေ့အကြုံကို မယှဉ်နိုင်ဘူး။

“သတ်။” ၇န်၇ွှယ်က သူ့ရဲ့ တောင်နဲ့ မြစ် မိုးမြေယပ်တောင်ကို ဝေ့ယမ်းလိုက်ပြန်တယ်။ အရင်အချိန်နဲ့ ယှဉ်လိုက်ရင် ဒီ တစ်ခါမှာတော့ သူဟာ နှစ်ချက် ဝေ့ယမ်းလိုက်တယ်။

အဲ့ဒီ့နောက်….

သွေးနီရောင် လခြမ်းကွေးတွေဟာ ဖန်ကျန်းရှီဆီကို ကြက်ခြေခတ်အသွင်နဲ့ ဦးတည်လာတော့တယ်။

“သတ်” ဖန်ကျန်းရှီကလည်း လှုပ်၇ှားတော့တယ်။ သူရဲ့ ကျောက်ဖြူဓားကို ရန်၇ွယ်ဆီ ဉ်ီးတည်ပြီး နှစ်ကြိမ်  ခပ်မြန်မြန် လှုပ်ရှားလိုက်တော့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now