GOG - Part 77

2K 335 8
                                    

အပိုင်း (၇၇)
"ကောင်းကင်တာအိုခန်းမ"
Translator: Sparrow Translations Editor: Sparrow Translations

"နတ်ဆိုးမျက်လုံးက ရောင်းရင် ဈေး ဘယ်လောက်ရနိုင်လဲ" ဖန်ကျန်းရှီရဲ့ အတွေး လုပ်ငန်းစဉ်ကို ကြားပြီးတဲ့နောက်မှာတော့ ကျောင်းတော်သားတွေဟာ သူတို့တွေ့မြင်ဖူးတဲ့ ကျောက်မျက်ရတနာ ရောင်းဝယ်မှုတွေကို စဉ်းစားကြတော့တယ်။ ကျောက်မျက်ရတနာ တွေဆိုရင် ရွှေပုံပေးပြီးဝယ်ကြတာကို သူတို့ မြင်ဖူးကြတယ်လေ။ ဒီလိုမျိုး နတ်ဆိုးမျက်လုံးကို ရောင်းစားဖို့ကြံတဲ့ အရူးမျိုးကိုတော့ မတွေ့ဖူးဘူး။ ... ဒါပေါ့ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက နတ်ဆိုးမျက်လုံးတူးထုတ်ဖို့ အလုပ်ကို လက်လျှော့လိုက်ရတော့တယ်။ ဘယ်လိုမှကို ကလော် ထုတ်လို့ မရဘူးလေ။ တစ်ဖက်က မင်းဆက်တွေဘက်က ကြည့်ရင်လည်း ဒီလိုမျိုး နတ်ဆိုးကို အရှင်ဖမ်းမိတယ်ဆိုတာ အတော်လေးကို ၇ှားပါးတယ်။ တော်ဝင်သတင်းပို့သူ ချင်ကတော့ ဖန်ကျန်းရှီရဲ့ဘေးနားမှာ ရပ်ပြီးတော့ ဒီလို မျိုး ကိစ္စကို လက်ပိုက်ပြီး ကြည့်နေတာတော့ မဟုတ်ပါဘူး။ နတ်ဆိုးမျက်လုံးဆိုတာ နတ်ဆိုးတွေအတွက်တော့ အင်အား အရင်းအမြစ်ဖြစ်တယ်။ ဒါ့အပြင် အဓိက ပင်မအသက်ပဲ။ တာအိုနိယာမ စာမေးပွဲကတော့ ဒီလိုပဲ ပြီးဆုံးသွားခဲ့ပြီဖြစ်တယ်။ ဖန်ကျန်းရှီကတော့ တိုက်ခိုက်ရေးစာမေးပွဲမှာလဲ ချန်ပီယံဖြစ်သွားခဲ့တယ်။ ဒီရလဒ်ကိုတော့ ဘယ်သူကမှ စောဒက မတက်ရဲတော့ဘူးပဲ ဖြစ်တယ်။ နတ်ဆိုးစည်းကိုတောင် ရောက်နေပြီဖြစ်တဲ့ လူတစ်ယောက်က ဒေသတွင်းတာအို စာမေးပွဲမှာ လာဖြေတယ် ဆိုတည်းက ဒါက အတော်လေးကို မတွေးဝံ့စရာပဲဖြစ်တယ်။ ဒါပေမယ့်လည်း ကျောင်းတော်သားတွေ နားမလည်နိုင်တာကတော့ တာအိုခန်းမ မှာတောင် စာမသင်ဖူးတဲ့ လူတစ်ယောက်က ဘယ်လိုများ နတ်ဆိုစည်းကို ရောက်သွားတာလဲ ဆိုတာကို ဖြစ်တယ်။ "ဖန်ကျန်းရှီ ဟာ နှစ်ထပ်ကွမ်းချန်ပီယံဖြစ်တယ် ။ အတွေးအခေါ်စာမေးပွဲနဲ့ တိုက်ခိုက်ေ၇းပြိုင်ပွဲ နှစ်ခုလုံး ချန်ပီယံဖြစ်တယ်။ ။"

"နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်တယ်။ " မုန့်ကျန်းရှန်းနဲ့ လီဟူအာတို့ သူတို့ကိုယ် သူတို့ တွင်းတူပြီးသာ မြေကြီးထဲ မြှုပ်နေချင်တော့တယ်။ သူတို့နဲ့ ဖန်ကျန်းရှီ ကွာခြားမှုက အတော်လေးကို များလွန်းလှတယ်။ ဒေသခေါင်းဆောင် ၀မ်ဟာ တရားဝင်ကြေညာမှု ပြီးတဲ့နောက်မှာတော့ ဖန်ကျန်းရှီကို ဂုဏ်ပြုစကားဆိုတော့တယ်။ အရာအားလုံးကတော့ အဆင်ပြေချောမွေ့နေပေသော်ငြား ကျောင်းတော်သားတွေကတော့ အိမ်မက်ဆိုးကြီးတစ်ခုကို မက်နေကြသလိုမျိုး ခံစားနေရပါတယ်။ အစ ကနေ အဆုံးထိ ယုံချင်စရာမရှိတဲ့ အဖြစ်ကြီးက တကယ် တကယ့်ကိုပဲ ......။ နောက်ပြီး ဟွေ့အန်းဒေသမှာ အနှစ်သုံးဆယ်လုံးလုံး မပေါ်ထွန်းခဲ့တဲ့ နှစ်ထပ်ကွမ် ချန်ပီယံကလည်း အခုတော့ ပေါ်လာခဲ့ပြီ။ ဒီဒေသတွင်းမှာ စာပေ ပညာ ထူးချွန်လှသူတွေ တိုက်ခိုက်ရေးတစ်ဖက်ကမ်းခတ်တော်သူတွေ ရှိကြပေမယ့်လည်း နှစ်မျိုးလုံးမှာ ဆရာမြောက်အောင် တတ်ကျွမ်းသူကတော့ ရှားပါးလွန်းလှတယ်။ ဟွေ့အန်းလို ဒေသ မြို့တော်ကြီးတစ်ခုမှာတောင် အနှစ် သုံးဆယ်မှာမှ တစ်ယောက်တည်းပဲ ပေါ်ထွက်သေးတယ်။ ...သုံး၇က်ကြာပြီးနောက်မှာတော့ ဟွေ့အန်းဒေသ ရှေးမြို့တော်မှာ အတော်လေးကို လေထန်နေခဲ့တယ်။ ဒါပေမယ့် ပျားပန်းခတ်မျှ သွားလာနေကြတဲ့ ကျောင်းတော်သားတွေကတော့ တာအိုခန်းမမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောမဆုံးနိုင်ဖြစ်နေကြတယ်။ သာမာန်အားဖြင့်ဆိုရင်တော့ ဒေသတွင်းတာအိုစာမေးပွဲတွေက အာရုံစိုက်ခံရတာ အတော်လေးကို နည်းပါးတယ်။ ဒီနှစ်ရဲ့ တာအို နိယာမ စာမေးပွဲကတော့ အတော်လေးကို ကျော်ကြားသွားတာဖြစ်တယ် လူသတင်း လူချင်းဆောင်သလို ဆိုတဲ့အတိုင်း ဟွေ့အန်းဒေသတာအိုစာမေးပွဲရဲ့ အကြောင်းဟာတော့ မြောက်ပိုင်းဒေသတစ်ခုလုံးကို ပျံ့နှံ့သွားတဲ့အထိ ကျော်ကြားနေပြီဖြစ်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now