gog -part 110

1.9K 305 11
                                    

အပိုင်း (၁၁၀)
“ပင်လယ်နက်မှ ကျောက်စိမ်း သံချပ်ကာ”
Translator: Sparrow Translations  Editor: Sparrow Translations

သူ့လက်ဖ၀ါး နှစ်ဖက်ကို  အကြိမ်ကြိမ် ပွတ်တိုက်ရင်း နဲ့ ခေါင်းဆောင်လာတဲ့ လူငယ်ဆီကို လျှောက်လာတော့တယ်။ သူ့ရဲ့ ပုံစံကတော့ သိပ်ကို နွေးထွေးဖော်ရွေနေခဲ့တယ်။

သို့ပေမယ့် ဟွားခန်အန်းရဲ့ မျက်လုံးတွေကို မြင်လိုက်ချိန်မှာတော့ အပြုံးတွေ ရပ်တန့်သွားတော့တယ်။

တစ်ခုခုတော့ လွဲနေပြီ။

ဖန်ကျန်းရှီရဲ့ ရွှေထုပ်ကောက်ရတဲ့ မျက်နှာပေးနဲ့ ပြုံးပြုံးကြီး လျှောက်လာဟန်ဟာ ဟွားခန်အန်းကို အေးခဲစေတယ်။ သူ့ကို ဖန်ကျန်းရှီ ကြည့်နေတဲ့ အကြည့်တွေ တကယ့်ကို တမျိုးကြီးဖြစ်နေတယ်။

ဖန်ကျန်းရှီကတော့ ဟွာခန်အန်းရဲ့ သံချပ်ကာကိုသာ မျက်လုံးပြုတ်ထွက်မတတ်ကြည့်နေပါတယ်။ သူ့လက်တွေကတော့ အရမ်းကို ပွတ်သပ်နေချင်တဲ့ပုံပါပဲ။

ဟွာခန်အန်းရဲ့ စိတ်ထဲမှာတော့ အချက်ပေးသံတွေ မြည်သွားတော့တယ်။ ဖန်ကျန်းရှီရဲ့ လက်တွေကို ထိတ်လန့်မှုကြောင့် တားဆီးလိုက်တော့တယ်။

“ဖန်ကျန်းရှီ မင်း ဘာတွေလုပ်နေတာလဲ။” ဟွာခန်အန်းရဲ့ အသံတွေကတော့ အေးစက်နေခဲ့တယ်။  

ဟွားခန်အန်းရဲ့ နောက်မှာ ရောက်နေတဲ့ တန်ယွီလုံနဲ့ ကျန်းဟော်ထုံ တို့လည်း ဒီ အချက်ကို သတိပြုမိကြတယ်။

“ဒီ ကောင် ဘာတွေ ဒီလောက် စိတ်ဝင်စားနေတာလဲ။” တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း စိတ်ထဲကတွေးလိုက်ကြတော့တယ်။ အဲ့ဒီ့နောက်မှာတော့ ဖန်ကျန်းရှီရဲ့ ဘေးမှာရှိတဲ့ ရန်ရွှယ်ကို မြင်လိုက်တဲ့အတွက် ထူးဆန်းတဲ့ အတွေးတွေဟာ စိတ်ထဲဝင်သွားတော့တယ်။

“မင်း ငါ့်ကို သိတယ်လား။”

“မင်းကို မသိတဲ့သူ ဒီမှာရှိလား။”

“မင်းငါ့ကို သိတယ်ဆွင် အပေးအယူ လုပ်ရအောင်လေ။” ဖန်ကျန်းရှီက ဟွားခန်အန်းရဲ့ ကိုယ်ကို တလက်လက် တောက်ပနေတဲ့ အကြည့် ကြည့်ရင်းပြောလိုက်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now