GOG - Part 7

2.9K 382 0
                                    

Unicode
အပိုင်း (၇) အပိုဒ်(၁)

#နတ်ဘုရားမုခ်ဝ
#ဖန်ကျန်းရှီ
#GOG

အပိုင်း (၇) အပိုဒ်(၁)

“ အရာအားလုံးဖြစ်တည်မှုတာအို”

စစ်သူကြီးလီပြောနေတဲ့ အချိန်မှာပဲ စစ်သည် ၂ဦးဟာ ကြီးမားလှတဲ့ ကျောက်စိမ်းတုံးကြီးကို သယ်ဆောင်လာကြတယ်။

ရွာသားအားလုံးဟာ အသံလေး တစ်စက်တောင် မထွက်ဝံ့ကြဘဲ တိတ်တိတ်ကလေး ကြည့်နေကြတယ်။

အရာအားလုံး ဖြစ်တည်မှုတာအို……

တွေးတောဖို့ အတွက်တော့ ခက်ခဲလွန်းတယ်။  သာမာန်မဟုတ် ထူးခြားမြင့်မြတ်သူတွေသာ ပိုင်ဆိုင်နိုင်တဲ့ စွမ်းအင်ဖြစ်တာကြောင့်ပဲ။ အရာအားလုံးဖြစ်တည်မှုတာအိုကို ထိန်းချုပ်နိုင်သူ မှန်သမျှရဲ့ အမည်နာမတွေကို တော်ဝင်စာကြည့်တ်ိုက် မှာ မှတ်တမ်းတင်ခံရတယ်။ မြင့်မြတ်သူတွေအဖြစ် တော်ဝင်မင်းဆက်တွေက ကြီးမားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ကြတယ်။

ဖန်ကျန်းရှီကတော့ စစ်သူကြီးလီကို မျက်တောင်မခတ်စတမ်း ကြည့်နေတယ်။ အရာအားလုံး ဖြစ်တည်မှု တာအို က ဘယ်လိုမျိုးလည်း ဆိုတာ သူ သိချင်တယ်လေ။

“သက်သာ”

ထွက်သက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ရင်း စစ်သူကြီးလီဟာ စတင်ရွေ့လျားတော့တယ်။ မျက်လုံးကို ဖွင့်လိုက်ပြီး ညာဘက်ခြေကိ်ု အင်အားပြင်းထန်စွာနဲ့ ရှေ့ကို လှမ်းလိုက်တယ်။ ကျောက်စိမ်းတုံးကြီးဆီကို ဦးတည်လိုက်ရင်း လက်ဖ၀ါးကို ဖြန့်ကာ ရိုက်ချလိုက်တယ်။

“ဗုန်း….”

ကျယ်လောင်တဲ့ မြည်ဟီးသံကြီးနဲ့ အတူ ကျောက်စိမ်းတုံးကြီးဟာ သေးငယ်တဲ့ အစအနလေးတွေ အဖြစ်ကို ကွဲထွက်သွားတယ်။

ဒါကို မြင်လိုက်ရတဲ့ ရွာသားတွေကတော့ အလွန် အမင်း အံ့သြသွားကြတယ်။ သူတို့စိတ်ထဲမှာတော့ ၂၅ကီလိုလောက် မနိုင်တဲ့သူတွေဟာ ပမွှားလေးတွေဖြစ်သွားကြတယ်။ ဒီလိုကျောက်စိမ်းတုံးကြီးကိ်ု လက်နဲ့ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခွဲနိုင်ဖို့ ဆိုတာ တွေးတောင် မတွေးနိုင်ခဲ့ဘူး။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now