GOG -part 113

1.6K 279 4
                                    

အပိုင်း ( ၁၁၃)
“ဗိုလ် လုပွဲသို့ေ၇ာက်ရှိခြင်း။”
Translator: Sparrow Translations  Editor: Sparrow Translations

…ဟွားခန်အန်းကတော့ စကားတစ်လုံးမှကို မပြောတော့ပဲ သူ့ရဲ့ ပင်လယ်နက်ထဲက ကျောက်စိမ်း သံချပ်ကာကို ဖယ်ရှားပြီး ဖန်ကျန်းရှီကို ပေးလိုက်တော့တယ်။ အလောင်းအစားအရဆို သူ
ရှုံးသွားတာကို လက်ခံလိုက်တာပဲ ဖြစ်တယ်။  ဒီ စကားတွေကို ကျောင်းတော်သားတွေ အများကြီးေ၇ှ့မှာ ပြောခဲ့မိတာကြောင့် စောဒက တက်ချင်ရင်တောင် စကားလုံးတွေကို
မျိုချထားရတော့တယ်။

“ခနနေအုန်း။” ဖန်ကျန်းရှီက ထွက်သွားဖို့ ပြင်နေတဲ့ ဟွားခန်အန်းကို တားမြစ်လိုက်တယ်။

“ဒီနေ့ ငါရှုံးတာ ငါဝန်ခံတယ်။ ဒီနေ့ ငါ တစ်ခုတည်း ဆန္ဒရှိတာက တာအို နိယာမ စာမေးပွဲကို အောင်ဖို့ပဲ။ မင်း ငါ့အတွက် အခွင့်အရေးပေးမယ်ဆိုလည်း ရပါတယ။် မင်း စိတ်မကောင်း
မဖြစ်အောင် တောင်ကုန်းကို ငါ ခုန်လိုက်ပါ့မယ်၊” ဟွားခန်အန်းကတော့ သူထင်မြင်ရာကိုသာ အသက်မရှူစတမ်းပြောလိုက်တော့တယ်။

“မင်း မှားနေပြီ။  ငါ ပြောချင်တာ ဒါမဟုတ်ဘူး။ တာအို စာမေးပွဲမှာ မင်း လုပ်ချင်တာလုပ်။ ဒါပေမယ့် မင်းရဲ့  ဓားလေး မဆိုးဘူးပဲ။ ” ဖန်ကျန်း၇ှီက ပြောလိုက်တော့တယ်။   ဖန်ကျန်းရှီက
ရှက်ရွံ့နေတဲ့ ပုံနဲ့ ပြောလိုက်တယ။

“….” ဟွာခန်အန်းကတော့ သူ့လက်ထဲက ကျောက်စိမ်းဓားကိုသာ လျော့တိလျော့ရဲ့ ဆုပ်ကိုင်ထားတော့တယ်။  သူ့ရဲ့ လှုပ်ရှားမှု တိုင်းဟာတော့ ၀မ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတော့တယ်။
အခုတော့ သူ့ရဲ့ ကိုယ်ပိုင်ဓားတောင် သူများ လက်ထဲကို ရောက်သွားတော့မယ်။

ဖန်ကျန်းရှီ လက်ထဲကို ဓားရောက်သွားပြီးနောက်မှာတော့ သူဟာ ကျန်းဟော်ထုံကို ကြည့်လိုက်တော့တယ်။
ကျန်းဟော်ထုံကတော့ သူ့ရဲ့ ခေါင်းကနေ ခြေဖျားအထိ ကြက်သီးမွှေးညင်း တွေထပြီး ကြောက်ရွံ့ဖွယ်အေးစက်မှုတွေ လွှမ်းမိုးထားသလို ခံစားနေရတော့တယ်။  သူ့ရဲ့ လက်ထဲက စာအုပ်ကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိတော့တယ်။

ဒီ ဒီစာအုပ်က ငါ့ အဖေရဲ့ တသက်တာ နိုင်ငံရေး  အတွေ့အကြုံစာအုပ်ပဲ။ ငါ ငါ။” ကျန်းဟောထုံက  ဆက်မပြောနိုင်တော့ဘူး။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now