GOG - Part 144

1.3K 213 6
                                    

အပိုင်း (၁၄၄)
“  မတူညီတဲ့ ကမ္ဘာ”
Translator: Sparrow Translations  Editor: Sparrow Translations

ဖန်ကျန်း၇ှီက သူ့ရဲ့ အပေါ်ဘက်မှာ ဘာတွေ ဖြစ်နေလဲ မသိတော့ ပါ ဘူး။  သူ တွေးနေတဲ့ တစ်ခု တည်းသော အရာကတော့ ရန်၇ွှယ်ကို ကယ်ဖို့ပဲ ဖြစ်တယ်။ မြစ်ကမ်းဘေး ရွာမှာ ကြီးပျင်း လာခဲ့တဲ့သူ့ အတွက်တော့ မြစ်ချောင်း ရေကန်တွေက ရင်းနှီးကျွမ်းဝင်တယ်။ ဒါကြောင့် ရေကောင်းကောင်း ငုပ်နိုင်တယ်။

ဒါ့အပြင် အရာအားလုံး ဖြစ်တည်မှု တာအို ရဲ့ အထောက်အပံ့နဲ့ ဆိုရင်  ဖိအား မရှိပဲ ငါး ကလေး တစ်ကောင်လို ကူးခတ်နိုင်တယ်။

ဒါပေမယ့် ရန်၇ွှယ်က ဘယ်မှာလဲ။

ရန်၇ွှယ် ပြုတ်ကျ လာတဲ့ အချိန် နဲ့ သူ ခုန်ချ လာတာက၁၀ စက္ကန့်တောင် မကွာဘူး။

ဖန်ကျန်းရှီက အတော်လေးကို စိတ်ပူလာတော့တယ်။ သူနဲ့ ရန်ရွှယ်က နေရာ နည်းနည်းပဲ ဝေးရမှာကို ရန်ရွှယ်ရဲ့ အရိပ်အယောင်တောင် သူမတွေ့ ဘူး။

အရိပ်လေး တစ်ခုတောင် မတွေ့ရပဲနဲ့ အမှောင်ထု ကိုသာ မြင်ရတယ်။  မှင်ကန်ကြီး တစ်ခု ထဲမှာ ကူးခတ်နေရသလို ။

ဘာတွေ ဖြစ်နေတာလဲ။

ရန်၇ွှယ် က ဘယ်မှာလဲ။

ဖြစ်နိုင် မလား။

ရုတ်တရက် ဖန်ကျန်း ရှီ အေးခဲ သွားတော့တယ်။ သူ တကယ်ပဲ ရန်၇ွှယ် ရေထဲကို ပြုတ်ကျ သွားတာ မမြင် လိုက် ဘူး။ ရေစင်သံ ပဲ ကြားလိုက်တာ ဖြစ်တယ်။ နောက်ပြီးတော့ ခြုံပုတ်တွေ နားမှာ ပုန်းနေတဲ့ ရန်၇ွှယ်ကို မတွေ့ တော့ တာကြောင့် ရန်၇ွှယ် ပြုတ်ကျ တာလို့ တွေးလိုက်တာ ဖြစ်တယ်။

ဒီ အတွေးက မှန်နိုင်လို့လား။  ရန်၇ွှယ် ခုန်ချတာကော  ပြုတ် ကျတာ ကော သူ မမြင် မိ ဘူး။

တခြား အရာ တစ်ခု သာ ရေကန်ထဲ ပြုတ်ကျ တာ ဖြစ်ပြီးတော့ ရန်၇ွှယ်က ခြုံပုတ် နောက်မှာပဲ ရှိနေရင်ကော။

ပြောင်းလဲ မှုက သေးငယ်တယ်။ ဒါပေမယ့်လည်း မဖြစ်နို်င်တာတော့ မဟုတ် ဘူး။

တခြား သော ဖြစ်နိုင် ချေက ရန်၇ွှယ်ကို အမျိုးအမည် မသိ စွမ်း အားက ရေကန်ထဲကို ဆွဲ ချ သွားပြီးတော့ လုံးဝကို မှောင်မည်းလှတဲ့ နေရာမှာ ရှိနေတာ ဖြစ်နိုင်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now