GOG -Part 147

1.3K 227 1
                                    

အပိုင်း ( ၁၄၇)
“ လွင့်မျောနေသော  နှင်းပွင့်များ။”
Translator: Sparrow Translations  Editor: Sparrow Translations

ကောင်းကင်ေ၇ာင်ပြန် အဆင့် ကျင့်ကြံသူ တစ်ဦးနဲ့ ကြယ်တာရာ စုဝေးမှု အဆင့် တစ်ဦး တိုက်ပွဲမှာ ခြားနားချက်က ဘာဖြစ်နိုင်မလဲ။
ရန်၇ွှယ်ကတော့ ဖန်ကျန်းရှီရဲ့ေ၇ှ့မှာ ရပ်နေခဲ့တယ်။ သူ့လက်ထဲက ယပ်တောင်ကတော့ သက်တန့်ရောင် အလင်းတန်းတွေ ထွက်ပေါ်နေတော့တယ်။ သူ သိတာကတော့ နှစ်ဦး ပူပေါင်းမှုကသာ အခွင့်အရေးကောင်းကို ဖန်တီးနိုင်မယ်လို့ ။

ဒါပေမယ့်လည်း ရန်၇ွှယ်အံ့သြသွားခဲ့တယ်။ ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ ယပ်တောင်ကို ဖိချ လိုက်ပြီးတော့ ရန်၇ွှယ်ကို သူ့နောက် ဆွဲလိုက်တယ်။

ရန်၇ွှယ်လည်း နားမလည်လိုက်ဘူး။

လူငယ် ၇ ဦးလည်း ဖန်ကျန်း၇ှီ ဘာလုပ်နေလဲ မသိ ဘူး ဖြစ်တယ်။

“ ဖန်ကျန်းရှီ ဘာလုပ်နေတာလဲ။”

လူတိုင်းကတော့ ရပ်တန့်နေကြတော့တယ်။ ဖန်ကျန်းရှီက သူ တစ်ယောက်တည်း ရင်ဆိုင်ဖို့ ဆုံးဖြတ်န်ေတာလား။ ရူးနေတာလား။ ဒါမှ မဟုတ် စိတ်ဖောက်ပြန် သွားတာလား။

ဖန်ကျန်းရှီကတော့ တစ်ခွန်းမှ မပြောပါ ဘူး။ လွင့်မျောနေတဲ့ နှင်းပွင့်တွေကို သာ တိတ်တဆိတ်ကြည့်နေခဲ့တယ်။

နှင်းပွင့်တွေ ဟာတော့ လေထုထဲမှာ ပိုပြီးတော့ များပြားလာခဲ့တယ်။ တစ်ခုချင်းစီ ဟာ လေထုထဲမှာ ဝေ့၀ဲ နေရင်း လုယွီရှန်း အနားမှာ ရစ်ပတ်နေခဲ့တယ်။ လူငယ် ခုနှစ်ဦး ။ ဖန်ကျန်းရှီနဲ့ ရန်ရွှယ် အနားမှာတော့ လျော့နည်းစွာ လည် ပတ်နေခဲ့တယ်။

ရန်၇ွှယ်ကတော့ ဖန်ကျန်း၇ှီရဲ့ လွန်မင်းစွာ အေးဆေးနေတဲ့ အမူ အယာကြောင့် အတော်လေးကို စိတ်ရှုပ်နေခဲ့တယ်။

လူငယ် ၇ဦးကတော့ အခြေ အနေကို စောင့် ကြည့်နေကြတယ်။ ရန်၇ွှယ် မတိုက်ခိုက်သေးသရွေ့ သူတို့လည်း စွမ်းအင်တွေကို မဖြုန်းတီး ဘူး။

ကောင်းကင်ရတနာ ခန်းမထဲမှာ နှင်းပွင့်တွေ ပိုပြီးတော့ ထူထပ် လာလေလေ အမြင် အာရုံက မသဲ မကွဲ ဖြစ်လာလေလေ ဖြစ်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now