GOG -.Part 123

2.1K 272 3
                                    

အပိုင်း (၁၂၃ )
“မိုးသက်မုန်တိုင်း”
Translator: Sparrow Translations  Editor: Sparrow Translations

ခန်းမကြီး တစ်ခု။ လေးဦးသော ပညာရှိ။ ဆယ့်သုံးခုသော ကျောင်းတော်များ။ အကုန်လုံးဟာ တော်ဝင်ကျောင်းတော် နဲ့ ကြီးမြတ်သော ရှမင်းဆက်ရဲ့ အင်အားကို ထောက်ပံ့ပေးတယ်။
ကောင်းကင်တာအိုကတော့ စွမ်းအင်တွေကို ထုတ်ဖော်ပေးတဲ့ နေရာဖြစ်တယ်။ ဆယ့်သုံးခုသော ကျောင်းတော်က  ကျောင်းတော်သားးတွေလည်း စုဝေးနေတဲ့ နေရာ ဖြစ်တဲ့ အတွက် ချီကူယန်တောင်အောက် ဆင်းမယ့် သတင်းဟာ ဖုံးကွယ်ဖို့ ခက်ခဲ လိမ့်မယ့် ။

ဒါ့ထက် ချီကူယန်ကတော့ ဒီ အကြောင်းကို ဖုန်းကွယ်မှာ မဟုတ်ပါဘူး။   ကောင်းကင် တာအိုခန်းမရဲ့ စည်းကမ်းချက် အရ ကောင်းကင်တာအို ကျောက်ဖျာပေါ်မှာ ဒူးမထောက်ခင်  မှာ ကောင်းကင်တာအို ခန်းမ အကြီးအကဲရဲ့   ” မုချင်ဖုန်း” ရဲ့ စည်းကမ်းချက်တွေကို လိုက်နာ ဆောင်ရွက်ခဲ့တယ်။  ကောင်းကင် ကျောင်းတော် ယဇ်ပလ္လင် ။ နတ်ဆိုးမိုး  စတာတွေကို ဖြတ်သန်းခဲ့ရတယ်။
……

ဘယ်သူကမှ ဒီ အချိန်မျိုးမှာ  ချီကူယန် ကောင်းကင် တာအို ခန်းမကနေ ဆင်းမယ်လို့ မထင်ထားဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီ နှစ်တွေမှာ ကောင်းကင်ဘုံက ကြောက်မက်ဖွယ် အမိန့် ရဲ့ လွှမ်းမိုးမှုက ကြီးမားနေဆဲ ဖြစ်တယ်။

တောင်အောက်ကို ဆင်းမှာလာ်း။

ကောင်းကင် တာအို ခန်းမက တခြားသော ကျောင်းတော်သားတွေ အတွက်တော့ ဒါက တောင်အောက် ဆင်းတာလေး တစ်ခုပဲ လေ။ ဒါပေမယ့်  ချီကူယန် အတွက်ကတော့ ဒါက မရိုးရှင်းဘူး ဖြစ်တယ်။

တောင်အောက်ကို သူမ ဆင်းတာဟာ မတည်ငြိမ်တဲ့ လေဖိအားနည်း ရပ်ဝန်း လေမုန်တိုင်း တစ်ခု စတင်တော့မယ့် အဓိပ္မာယ် ဖြစ်နေတယ်။

မုန်တိုင်းက စောစော လာတာလား။

ဘယ်သူပဲ ကြည့်ကြည့် ဒီ လှုပ်၇ှားမှုက ထူးခြားနေတယ်။

ချီကူယန်ရဲ့ ဂုဏ်ပုဒ်နဲ့ ဆိုရင်တော့ ဒီလို အရာမျိုးကို ရိုးရိုး၇ှုင်း၇ှုင်းလုပ်မှာ မဟုတ်ဘူး။ ကောင်းကင်တာအိုမှာ နေထိုင်ဖို့ အချိန် သတ်မှတ်ပြီးချိန်တည်းက  သူမဟာ ကြီးမြတ်သော ရှ မင်းဆက်မှာ အာဏာ အကြီးဆုံးသော ဂုဏ်ကြီးရှင် တစ်ဦး ဖြစ်နေခဲ့ပြီ။ လူတိုင်း လေးစားရသူ တစ်ဦးအနေနဲက ဘယ်လို အခြေအနေမျိုးမှာ မဆို သူမရဲ့ ဆုံးဖြတ်ချက်တွေက သက်ေ၇ာက်မှု ကြီးမားတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now