GOG - Part 119

1.7K 300 7
                                    

အပိုင်း (၁၁၉)
“တောင်တစ်မျှ လေးလံခြင်း”
Translator: Sparrow Translations  Editor: Sparrow Translations

ရန်၇ွှယ် ရဲ့ အနီး ဆုံးနေရာမှာ ရှိနေတဲ့ ဖန်ကျန်းရှီကတော့ ယပ်တောင်ရဲ့ ဖိအားကို အခံစားရဆုံးသူ ဖြစ်တယ်။ ဒီ ခံစားမှုဟာ သူကိုယ်တိုင် ၀မ်းနည်း ကြေကွဲစရာကြီး တစ်ခုကို ကြုံလိုက်ရသလိုမျိုး လေးလံလှတယ်။

တပ်မဟာကြီး တစ်ခုရဲ့ စစ်သေနာပတိ တစ်ဦး အောင်မြင်မှု သရဖူ တွေနဲ့ အတူ ချစ်ရတဲ့ အမျိုးသမီးဆီကို ပျော်၇ွှင်မှု မျှော်လင့်ချက်တွေ အပြည့်နဲ့ သွားရောက်ခဲ့တယ်။

နောက်ဆုံးမှာတော့ သူတွေ့မြင်ခဲ့၇တာက ယပ်တောင်ဖြူလေးနဲ့ ခွဲခွာစကားပဲ ဖြစ်တယ်။

“ကေသာနက်တွေ ငွေမှင်ေ၇ာင် ပြောင်းခဲ့ပြီ။ မင်းရဲ့ ခြယ်သ မှုကို သာ င့ါ နှလုံးသားနဲ့ ၇င်းပြီး စောင့်ဆိုင်း ခဲ့လေပြီ။”

အမျိုးသမီးရဲ့ ချစ်ခြင်း မေတ္တာ၊ သူမရဲ့ တိတ်ဆိတ်မှု နဲ့ အတူ ထွက်ခွာသွားတဲ့ အချိန် အထိ ၊ ဒီ လောကရဲ့ အလွှာကွားခြားမှု အဆင့်အတန်းကို ကောင်းကောင်းနားလည်ခဲ့တယ်။ ဒါပေမယ့် လည်း တိုက်ပွဲမြေပြင်မှာ စွန့်စားနေရတဲ့ ချစ်ရသူကို သူမရဲ့ လွမ်းဆွတ်မှုအကြောင်း တစ်စွန်းတစ်စမှ ထုတ်ဖော် မပြောခဲ့ဘူး။ 

“တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်က တကယ့်ကိုပဲ။” ဖန်ကျန်းရှီရဲ့ အမြင်တွေက ပြောင်းလဲသွားတော့တယ်။

ဘာကြောင့်လဲ ဆိုတော့ ရန်၇ွှယ် စတင် လှုပ်ရှားလာတာကြောင့်ဖြစ်တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေက ယပ်တောင်ရဲ့ လွှမ်းမိုးမှု ကို ခံစားနေရတဲ့ အတိုင်းပါပဲ။ သူ့ရဲ့ လက်ထဲက တောင်နဲ့ မြစ် ပန်းချီဟာတော့ ရုတ်တရက် စီးဆင်းလာသလိုမျိုး လှုပ်ရှားလာတော့တယ်။

ရေတွေဟာ လှုပ်၇ှား ရိုက်ခတ်နေသလိုမျိုး ဖြစ်နေပါတယ်။

တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်က နေ တလက်လက် တောက်နေတဲ့ အလင်းတန်းတွေဟာ ထွက်ပေါ်လာတော့တယ်။ ယပ်တောင် ကနေ တစ်ချက  ထွက်ပေါ်လာပြီးနောက် အဆက် မပြတ်စွာ ဆက်တိုက် ဖြစ်ပေါ်လာတော့တယ်။

အဲ့ဒီ့နောက် ထူးခြားတဲ့ မြင်ကွင်းတစ်ခု ဆက်လက်ပေါ်ထွက်လာတော့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now