#1

8.5K 390 2
                                    

[Unicode + Zawgyi]

ခမ်းနားကြီးကျယ်လှသောနန်းတော်ကြီးအတွင်း စစ်ဖက်ငြိမ်းချမ်းရေအတွက်..သွေးသောက်ဖက်ညီအကိုဆက်ဆံရေးခိုင်မြဲစေရေးအတွက်..  လက်အောက်ခံတိုင်းပြည်တို့၏လာဆက်သရာ ချောမောလှပ ပြေပြစ်စွာသောအမျိုးသမီးတို့သည် ဗြောလ်တိုင်းပြည်ဘုရင်နှင့်ပေါင်းဖက်ကာ ပျော်ရွှင်စွာနေထိုင်လျှက်ရှိကြသည်။

မိဖုရားတို့၏အလှအပ စန်းလွင်ပုံတို့သည် ဆွေစဉ်မျိုးဆက်လက်ဆင့်ကမ်းကြသည်ဟု တင်စားနိုင်ဘိသကဲ့သို့.. မိဖုရားတို့၏သမီးတော်တို့သည် တစ်သွေးတစ်မျိုးတင့်တယ်စွာလှပနေကြသည်။

‌ဗြောလ်ဘုရင်၏အမိန့်အရ မိဖုရားတို့သည် တစ်ဦးကိုသားသမီးတစ်ယောက်သာဖွားမြင်ခွင့်ရှိပြီး ထို့ထက်ပိုပါက သေဒဏ်ခတ်ခွင့်ရှိ‌လေသည်။

‌ဗြောလ်ဘုရင်သည် ကြင်နာခြင်းကင်းစွာအုပ်ချုပ်ပြီး အလိုလောဘကြီးသည်။
‌ဗြောလ်ဘုရင်၏မိဖုရားထဲတွင် သား‌တော်၃ဦးနှင့် သမီး‌တော်၅ဦးထွန်းကားခဲ့ပြီး ထူးဆန်းသည်မှာ ‌ဗြောလ်ဘုရင်သည် သားတော်တို့ကိုမျက်နှာသာမပေး သမီးတော်တို့ကိုသာ ဦးစားပေးဂရုစိုက် ပိုသည်။

"အားးးးးးးးး နာ..နာ.တယ်...ငါအရမ်း...နာ‌နေပြီ ကျင်းချို"

"မယ်မယ်..ခဏလေး ခဏလေး..နည်းနည်းပိုပြီး အားထည့်လိုက်ရင် မယ်မယ့်‌ရွှေရင်သွေးလေး လူ့လောကထဲရောက်ပြီ"

"အင်း.......အားးးးးးးးးး"

"မယ်မယ် ခေါင်းကလေးထွက်လာပြီ နည်းနည်းအားထပ်ထည့်ပါဦးမယ်မယ်"

"အားးးး"ဆိုတဲ့ နောက်ဆုံးအသံကုန်အော်ပြီးသည်နှင့် အူဝဲဆိုတဲ့ အသံလေးက နားတော်ကို တိုးဝှေ့ရောက်ရှိလာခဲ့သည်။

"မယ်မယ် သားတော်လေး သားတော်လေးဖွားမြင်ပါတယ်"

"ကျင်းချို..."

"ဟုတ်ကဲ့မယ်မယ် ကျွန်တော်မျိုးမနားထောင်နေပါတယ်"

ကိုယ့်တိုင်းပြည်ကိုစွန့်ခွာ ငြိမ်းချမ်းရေးတစ်ခုအတွက် စတေးခံဘဝမှာ ယုံကြည်ရာတစ်ဦးတည်းသောအထိန်းတော်ကျင်းသည် ကာလကြာရှည်စွာ ‌ဗြောင်ဟျွန်းချင့်ထံတွင်ခစားနေခဲ့သည်မို့ ယခုတွင် မသေချာသောဖွားမြင်မှုအတွက် တစ်စုံတစ်ခုကိုရည်ရွယ်ဦးတည် ယုံကြည်ကိုးစားအားကိုထားခဲ့သည်။

Gorgeous Crown Prince ✔️Where stories live. Discover now