#33

1.5K 211 7
                                    

[Unicode + Zawgyi]

နံနက်အလင်းရောင်ကျရောက်လာချိန်တွင် အနီးနားရှိမြို့တော်ထဲပြန်လာခဲ့ကြပြီး ခါအီကိုအရင်ဆုံးဆေးကုရန်အတွက်နေရာလိုက်ရှာကြသည်။
ဘတ်ဟျွန်းအမိန့်နဲ့ အစစအရာရာအကုန်ကိုလိုက်လုပ်ဆောင်ကြပြီး ခါအီခြေထောက်ကိုကုသသည်။

တဖြေးဖြေးခါအီခြေထောက်ကသက်သာလာခဲ့ပြီး မူးဝေခြင်းလည်းမရှိတော့တာမို့ ဘတ်ဟျွန်းနဲ့ချန်းယောလ်ကို ချန်းပြည်နယ်ဆီအရင်သွားနှင့်ဖို့လျှောက်လာခဲ့တော့ ဘတ်ဟျွန်းနဲ့ချန်းယောလ်နှစ်ယောက်လုံးကလက်မခံဘဲ လုံးဝပျောက်ကင်းမှသာအတူတူသွားမည်ပြောသည်။

ခါအီလည်းဘာမှဆက်ပြောမနေတော့ဘဲ ခြေထောက်ကိုအရှင်းပျောက်အောင်ကိုယ်တိုင်ဆေးစပ်ပြီး ဆယ်ဟွန်းကလိုအပ်တာတွေပြင်ပေးလေသည်။

ထိုသို့ဖြင့် ဘေးကပါပြုစုဂရုစိုက်မှုတွေကြောင့် ခြေထောက်ကကောင်းမွန်မှုမြန်လာခဲ့ပြီး လမ်းပင်‌ကောင်းစွာလျှောက်နိုင်လာခဲ့ပြီ..
ဆယ်ဟွန်းက ခါအီနဲ့တစ်ချိန်လုံးအတူတူရှိနေပေးသည်။ လမ်းလျှောက်တဲ့အခါ အရှင်းမပျောက်သေးတဲ့ခြေထောက်ကိုအရမ်းဖိမိမသွားအောင်လည်း ဂရုတစိုက်နဲ့ဘေးကတွဲပေးဖြစ်သည်။

ဘတ်ဟျွန့်နဲ့ချန်းယောလ်ကတော့ ခါအီကိုညတိုင်းလာကြည့်ဖြစ်ပေမဲ့လည်း အနှောက်အယှက်မပေးချင်တာကြောင့် နှစ်ယောက်ထဲလွှတ်ထားပေးသည်ကများသည်။

ရက်ကြာလာတော့ ခါအီခြေထောက်ကလုံးဝပျောက်ကင်းသွားပြီဖြစ်တာမို့ ဗြောင်တပ်သားတို့ကိုပြန်လွှတ်လိုက်ပြီး စထွက်လာခဲ့သည့်အတိုင်း လေးဦးတည်းသာ ချန်းပြည်နယ်ဆီခရီးဆက်ကြသည်။

ချန်းပြည်နယ်ဆီပြန်ရောက်လာကြတဲ့အခါ မြို့ဝင်လာထဲကမြင်ရသည့် ခမ်းနားလှသောအပြင်အဆင်နဲ့ ပျော်မြူးနေကြသောလူအပေါင်းတို့ကြောင့် ချန်းယောလ် ခါအီကိုကြည့်လာတော့ ခါအီကဘာမှမသိဘူးဆိုတဲ့အကြည့်နဲ့ပြန်ကြည့်လာတာကြောင့် ချန်းယောလ်နန်းတော်ဆီသာဆက်သွားသည်။

"ချန်းယောလ်တို့တိုင်းပြည်ကတကယ်ခမ်းနားတာပဲ.. စဝင်လာထဲကတကယ်လှပလွန်းတယ်"

Gorgeous Crown Prince ✔️Tempat cerita menjadi hidup. Temukan sekarang