#24

1.6K 218 5
                                    

[Unicode + Zawgyi]

"မဖြစ်သင့်ဘူး.. ကိုယ့်တိုင်းပြည်ဆီကိုယ်ပြန်ပါ သမားတော်ကင်"

ဘတ်ဟျွန်းထိုစကားသာပြောပြီး ထွက်သွားတော့ ခါအီကခေါင်းမော့ကြည့်လာခဲ့သည်။

"ဆယ်ဟွန်း.."

ခါအီ ဆယ်ဟွန်းကိုတောင်းဆိုသည့်အကြည့်နဲ့ကြည့်လာသော်လည်း ဆယ်ဟွန်းကအကြည့်လွှဲပစ်သည်။

"ဗြောင်လေးပြောတာကို ကျွန်တော်လည်းလက်ခံတယ် သမားတော်ကင်ကပြန်လိုက်ပါ"

"ကိုယ်.."

"ဆယ်ဟွန်း မင်းကပဲသမားတော်ကင်ကို တိုင်းပြည်ဆီကောင်းကောင်းမွန်မွန်ပြန်ရောက်အောင် လုပ်ဆောင်ပေးလိုက်ပါ"

ခါအီထပ်ပြောကြည့်ဖို့လုပ်ပေမဲ့ ပြန်လှည့်ပြောလာတဲ့ဘတ်ဟျွန်းကြောင့် ပြောတဲ့ဆီမရောက်လိုက်..

"ကောင်းပါပြီ ကျွန်တော်အကုန်လုပ်ဆောင်ပေးလိုက်ပါ့မယ်ဗြောင်လေး"

ဘတ်ဟျွန်းစကားပြန်လှည့်ပြောပြီး လျှောက်ထွက်သွားတော့ ခါအီဒူးထောက်ရာကနေထလာခဲ့သည်။

"ကိုယ်တောင်းဆိုပါတယ် ဆယ်ဟွန်း"

ဆယ်ဟွန်းဘာမှပြောမနေဘဲ တောင်းဆိုနေတဲ့ခါအီကိုကျော်ကာလျှောက်သွားတော့ ခါအီကလိုက်ကြည့်နေသည်။

"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါသမားတော်ကင်"

ခါအီလည်း သက်မလေးချလိုက်ကာ ဆယ်ဟွန်းနောက်ကိုသာလိုက်သွားခဲ့တော့သည်။

"မင်းတို့က သမားတော်ကင်ကိုချန်းတိုင်းပြည်ဆီရောက်တဲ့အထိ ဘာထိခိုက်ဒဏ်ရာမှမရှိစေဘဲ ပို့ဆောင်ပေးလိုက်ပါ"

"ဟုတ်ကဲ့ပါ ကိုယ်ရံတော်တပ်မှူး"

"ကိုယ်မသွားဘူး"

ဘာထိခိုက်ဒဏ်ရာမှမရှိရဟူသော ဆယ်ဟွန်းရဲ့အမိန့်နဲ့..
ခါအီကလည်းပေပြီးရပ်နေတာကြောင့် ဗြောင်တပ်သားတွေဟာ အတင်းမလုပ်ရဲကြ..

"သမားတော်ကင်က ငြင်းဆိုနေမယ်ဆိုရင် ကျွန်တော်ကအနုနည်းနဲ့မရရင် သင့်တော်တဲ့နည်းနဲ့ လုပ်ဆောင်ရပါလိမ့်မယ်"

Gorgeous Crown Prince ✔️Onde as histórias ganham vida. Descobre agora