[Unicode + Zawgyi]
ဒဏ်ရာမပြင်းထန်တဲ့ဗြောင်တပ်သားတွေကိုတွဲပြီးသယ်ဆောင်သွားတဲ့သူတွေကို ချန်းယောလ်ပါလာတဲ့ချန်းတပ်သားတွေပါဝိုင်းကူပေးပြီး တစ်ချို့ကလိုက်သွားကြပေမဲ့ တစ်ချို့ကတော့ချန်းယောလ်အနားမှာကျန်ရစ်နေလေသည်။
"မင်းသားသွားကြရအောင်.. ရန်သူတွေပြန်ချီတပ်လာတဲ့အခါ..ကျွန်တော်တို့ခုခံဖို့မဖြစ်နိုင်ဘူး"
"မင်းတို့ ဗြောင်မင်းကြီးနဲ့ပြည်သူတွေကိုလိုက်ပြီးကာကွယ်ပေးလိုက်ကြ"
"အိမ်ရှေ့စံမင်းသားကို ဘယ်လိုလုပ်မလဲ"
"မလိုဘူး ငါကသူသတိရလာမှသွားမှာ"
ချန်းယောလ် ဘတ်ဟျွန်းမျက်နှာလေးကိုအသာလေးကိုင်လာသည်။
"ကျွန်တော်တို့မင်းသားကိုမထားခဲ့နိုင်ဘူး.. မင်းသားပါမှသွားပါရစေ"
"အခုနေသူ့ကိုသယ်သွားမယ်ဆို အန္တရာယ်ရှိတယ်.. ၂ရက် ၃ရက်လောက်တော့သူအနားယူမှဖြစ်မယ်"
"မင်းသား.. ဒီမှာပဲဆက်နေမယ်ဆိုအန္တရာယ်များပါတယ်.. ကျွန်တော်တို့သွားကြရအောင်"
"ငါပြောပြီးလေ.. သူသတိရမှသွားမယ်..မင်းတို့ပဲသွားကြတော့"
ကျန်ခဲ့တဲ့ချန်းတပ်သားတွေဟာ ချန်းယောလ်ရှေ့မှာဒူးထောက်လာတော့ ဘေးမှာလှဲနေတဲ့စစ်သူကြီးကျန်းရီကအတင်းထလာခဲ့လေသည်။
"စစ်သူကြီး"
ချန်းတပ်သားတစ်ယောက်ဟာ ထလာတဲ့စစ်သူကြီးကိုတွဲထူပေးလာသည်။
စစ်သူကြီးကျန်းရီက ဒဏ်ရာပြင်းထန်နေလို့ထားခဲ့ခြင်းခံရပေမဲ့ ခံနိုင်ရည်ကောင်းသောကြောင့် အဆင်ပြေနေသေးသည်။"မင်းသား.. ကျွန်တော်တို့အိမ်ရှေ့စံမင်းသားက သတိရဖို့ကြာဦးမယ်.. မင်းသားအတွက်အန္တရာယ်ရှိပါတယ်.. ထားခဲ့ပြီးသာမြန်မြန်သွားပါတော့"
ချန်းယောလ်ပြုံးလိုက်ကာ ဘတ်ဟျွန်းလက်ကလေးတွေကို ကိုင်ထားသည်။
"အန္တရာယ်ကဘယ်လောက်ထိများနိုင်မလဲ.. ကျွန်တော်သေမယ်ဆိုလည်း ဟျွန်းငယ်ကိုမထားခဲ့နိုင်ပါဘူး စစ်သူကြီး"