#18

2.1K 268 5
                                    

[Unicode + Zawgyi]

အံဩခြင်းများစွာနဲ့ လက်ခံပေးခဲ့ရသည်မှာ မတတ်သာ..
မယုံနိုင်ခြင်းများစွာနဲ့ပဲလက်ခံပေးခဲ့လိုက်ပြီး မဖြစ်နိုင်ခြင်းတွေကို တားဆီးဖို့ကလည်းမစွမ်းဆောင်နိုင်ပြန်။

ဗြောလ်ဟျွန်းမင်းသမီးကယောကျာ်းလေးတစ်ယောက်မှန်းသိလိုက်ရချိန်..ဘာကဘာဖြစ်သွားမှန်းမသိအောင်တုန်လှုပ်မိသွားသည်။

ထို့အတူ သံသယတွေနဲ့အချေအတင်ဖြစ်ခဲ့ရသည့်ဆယ်အာသည် တစ်ယောက်ထဲဖြစ်နေပြီး..ဘတ်ဟျွန်းသည်လည်းဗြောင်တိုင်းပြည်မင်းသားတစ်ပါးဖြစ်လေသည်။
ပြီးတော့ ဆယ်အာ၏အမည်အရင်းသည်လည်း ဆယ်ဟွန်းဖြစ်‌နေပြန်သည်။

ဖြစ်ခဲ့သမျှအကြောင်းအရာတွေကလက်ခံဖို့ခက်စွာ..အံ့အားသင့်နေချိန်မှာပဲ.ချန်းယောလ်ကြောင့် ကြာကြာပင်အတွေးမထူလိုက်ရဘဲ..

အန္တရာယ်အခြေအနေတစ်ခုကို ရင်ဆိုင်ခဲ့ပေးရပြီးပြီ။

အခုတွင်တော့..ဆယ်ဟွန်းအိပ်မောကျ‌နေသည်မှာတော်တော်ပင်ကြာနေခဲ့ပြီး..နောင်တော်နှင့်လမ်းခွဲခဲ့သည်မှာလည်းကြာနေခဲ့ပြီ။

ပင်ပန်းနေတဲ့ဆယ်ဟွန်းမျက်နှာကို မြင်ရချိန်မှာ ကြိမ်းမောင်းဖို့ထက် ထိုကောင်လေးအဆင်ပြေဖို့သာဦးနှောက်က အချက်ပြနေသည်။

အတင်းဇွတ်တိုးရင်ဆိုင်ခြင်းကို တားမြစ်ပြီး မတတ်သာသည့်အဆုံး ဂုတ်ပိုးဆီကမေ့လျော့ကြောကိုတစ်ချက်ချကာ မေ့မျောစေခဲ့ရသည်။

သတိပြန်ရအောင်ပြုစုသော်ငြား.. နာကျင်ရဦးမည့်စိတ်ခံစားချက်အတွက် ကိုယ်ဟာသူ့အတွက်အကူအညီဖြစ်ဖို့မျှော်လင့်ရသည်။

အချိန်တော်တော်လင့်လာပြီးနောက်မှာတော့ လှုပ်ရှားလာတဲ့ဆယ်ဟွန်းကြောင့် ခါအီလက်‌တွေရေပတ်တိုက်ပေးခြင်းကိုရပ်တန့်လိုက်သည်။

"ဆယ်ဟွန်း"

ဆယ်ဟွန်းမျက်လုံးတွေတဖြေးဖြေးဖွင့်လာခဲ့တဲ့အခါ..ခါအီရဲ့စိုးရိမ်နေတဲ့အကြည့်တွေနဲ့တိုးသည်။

"ခါအီ.."

ဆယ်ဟွန်းပါးစပ်လှုပ်ရုံခေါ်ကာ လှဲနေရာကချက်ချင်းထတော့ မူးဝေသွားတာကြောင့် ခါအီထိန်းပေးထားရသည်။

Gorgeous Crown Prince ✔️Where stories live. Discover now