#26

1.7K 237 10
                                    

[Unicode +Zawgyi ]

ခမည်းတော်က ဗြောလ်ပြည်နယ်နဲ့စစ်မဖြစ်ချင်တာကြောင့်သာ ငြိမ်းချမ်းရေးယူထားခဲ့ပြီး တကယ်ဆို ချန်းပြည်နယ်နဲ့ဗြောလ်ပြည်နယ်ရဲ့စစ်သည်အင်အားခြင်းကသိပ်မကွာဘဲ ချန်းတိုင်းပြည်ကတောင်သာနေနိုင်သည်။

ဗြောလ်တိုင်းပြည်သံအမတ်၏ စစ်ကူအတွက်စဉ်းစားပေးဖို့တောင်းဆိုသံကို ချန်းယောလ်မကြားချင်ဆုံးဖြစ်သည်။
သို့ပေမဲ့လည်း နေ့ရှိသရွေ့ကြား‌နေရသည်မို့ ချန်းယောလ်တစ်ခုခုစီစဉ်ရန်ကြံရသည်။

ကံမကောင်းစွာဘဲ ချန်းမင်းကြီးရဲ့လက်ဆတ်ပေးမှုကိုကြုံရလေသည်။
တစ်ယောက်ငြင်းသော် နောက်ထပ်တစ်ယောက်နဲ့ ထပ်မံလက်ဆတ်ပေးမှုတွေကြောင့် ချန်းယောလ်ပို၍ပင်စိတ်ညစ်လာရသည်။

ခါအီဆီကသတင်းလည်းဘာမှမကြားရတာကြောင့် ဘတ်ဟျွန်းအပေါ်စိုးရိမ်နေသည်ကလည်း ပိုမိုများလာနေလေသည်။

အဆုံးတော့ ချန်းမင်းကြီးမသိအောင် ထွက်သွားဖို့သာ ကြံမိတော့သည်။
ထို့ကြောင့် အနီးကပ်သင်ကြားပေးဖူးသော လက်အောက်ကတပ်သားတွေကို ခေါ်ပြီးသာထွက်လာခဲ့တော့သည်။

လမ်းတစ်လျှောက်လုံး ဗြောင်နဲ့ဗြောလ် စစ်ဖြစ်တော့မည်ဆိုသည်က နားဖြင့်မဆံ့နိုင်အောင်ကို ပြည်သူတွေရဲ့ပါးစပ်ဖျားမှာစွဲနေလေသည်။

ရက်တွေများစွာဖြတ်ကျော်ပြီးတဲ့နောက်တော့ ဗြောင်တိုင်းပြည်ကိုရောက်လာပါသော်လည်း ခါအီကိုလုံးဝဆက်သွယ်လို့မရသေးတာကြောင့် ပြန်ဆက်သွယ်လာမှာကိုချန်းယောလ်စောင့်နေလေသည်။

သို့ပေမဲ့..ဗြောင်ပြည်သူတွေကိုကာကွယ်ဖို့အတွက် ပိတ်ချလိုက်တဲ့ဂိတ်တံခါးတွေကြောင့် ချန်းယောလ်ပါပြည်သူ‌တွေထဲပါသွားခဲ့ပြီးမထွက်တက်ဖြစ်ရကာ အဆိုးဆုံးက အပြင်တွင်စစ်ဖြစ်နေပြီဟူသောစကားပင်ဖြစ်သည်။

ချန်းယောလ်ထွက်ရဖို့ကြိုးစားကြည့်သည်။ ဒါပေမဲ့ ထိုနေရာဟာလုံးဝကိုလုံခြုံသောနေရာဖြစ်နေသည်မို့ သေသေချာချာပြင်ဆင်ထားပုံရတဲ့ စိတ်ကူးကိုချန်းယောလ်ချီးကျူးမိသွားသေးသည်။

Gorgeous Crown Prince ✔️Where stories live. Discover now