[Unicode + Zawgyi]
လူမှန်းသိတတ်စအရွယ်ရောက်လာချိန်သတိထားမိသည်က မျက်နှာထက်ရှိနေသည် လက်ဖြင့်ထိုးယှက်သေသပ်စွာအလှဆင်ထားသော ပုဝါရောင်ရောင် ဖုံးကွယ်နိုင်စွမ်းသည့် အကာအကွယ်တစ်ခုသည် ငယ်စဉ်ကတည်းက ယနေ့အထိ အချိန်ပြည့်နေရာယူလျှက်ရှိသည်။
ဘာအတွက်ကြောင့်မည်မသိခင်ကတော့ ရှုပ်လှချည်ဆိုပြီး ဂျစ်တိုက်ဖူးသည်။ သို့ပေမဲ့ ဒီလိုလုပ်ထားခြင်းက အလွန်ပင်သက်သောင့်သက်သာရှိစေခဲ့သည်။
နန်းတွင်းတစ်ခုလုံးတွင် အစေခံပါမကျန်လျစ်လျူရှုခံရခြင်းက ခံစားရပြီး တစ်ခါခါငိုမိသည်အထိ နာကျင်ရသည်။ အဆိုးဆုံးက ခမည်းတော်ကအစပင် မလိုချင်ပုံ... အမြဲလို ချန် ချန် ထားခဲ့ခြင်းခံရတဲ့ ခံစားချက်ကြီးက တကယ်ကိုပင်ဝမ်းနည်းစေသည်။
အစ်ကိုတော်တွေကိုအရေးမပေးဘဲ လျစ်လျူရှုတတ်ကြောင်း ကျင်းအထိန်းတော်ကအမြဲပြောပြတတ်ပေမဲ့.. မိန်းကလေးတစ်ယောက်လိုနေနေပါတဲ့ကိုယ်ကကော ဘာလို့တခြားမင်းသမီးတွေလို ခမည်းတော်ကဂရုမစိုက်ရတာပါလိမ့်....
ဒီရေကန်ကြီးနဲ့ဟိုဥယျာဉ်ကြီးထဲမှာ အချိန်ကုန်ပြီးနေနေလာတဲ့နှစ်တွေကြာခဲ့ပေမဲ့ ခမည်းတော်နဲ့ဆုံခွင့်ရှိသည်က မဖြစ်မနေတက်ရသည့် ညီလာခံမျိုးရှိမှသာ...
"မယ်တော်ရှိနေပေးရင်ကောင်းမှာပဲ..ဒီလိုကြီးနေနေရတာအရမ်းပင်ပန်းနေပြီမယ်တော်..ဒီနေရာကနေထွက်သွားချင်လိုက်တာ မယ်တော်ရယ်"
"ဟျွန်းမင်းသမီးလေး ဘာပြောလိုက်တာလဲဟင်..ပြီးတော့ဘာလို့သက်ပြင်းချတာလဲ"
ရေကန်ဘေး ခုံလေးပေါ်မှာခြေလွှဲထိုင်နေတဲ့ဗြောလ်ဟျွန်းလေးက ဘေးမှာဒူးနှစ်ဖက်ပေါ်မေးတင်ပြီးရေကန်ကိုကြည့်နေတဲ့ ဆယ်အာလေးကိုကြည့်လိုက်သည်။
"ဗြောင်လေးမပျော်ဘူးလား..အရမ်းပျင်းနေပြီလား.. အမ်း... ဆယ်အာစဉ်းစားဦးမယ် ဗြောင်လေးကို ဘာလုပ်ပေးရင်ကောင်းမလဲလို့"
လူကိုယ်တိုင်ကဖြင့်ပျင်းတိပျင်းရွဲနဲ့ထိုင်နေပြီး တခြားသူကိုပဲသူကပျင်းနေလားဆိုတဲ့ ဆယ်အာကိုကြည့်နေရင်း ဗြောလ်ဟျွန်းရယ်နေရတော့သည်။