[Unicode + Zawgyi]
ယနေ့ပွဲအတွက်ပေးခဲ့သည့်ဝတ်ရုံကိုဝတ်လိုက်ပြီး မှန်ထဲကပုံကိုကြည့်ကာ ခေတ္တညိမ်နေလိုက်သည်။
ပြီးပြည့်စုံသည့်သွင်ပြင်ကျက်သရေအပေါင်းဖြင့်တင့်တယ်ပြီး တိုင်းပြည်တွေအကြားကျော်ကြားခဲ့ရသော ချန်းမင်းသားအတွက်ကတော့ ယနေ့အပြင်အဆင်ကလည်းသိသိသာသာထူးခြားသွားခြင်းမရှိပေမဲ့.. ခါတိုင်းနှင့်မလိုက်ဖက်သည်ကစိတ်ထဲညိုးနေရခြင်းဖြစ်သည်။ချန်းယောလ်အပြင်တွင်ခေါ်ရန်လာစောင့်နေခဲ့သည့်သူတို့ကို နည်းနည်းမျှဂရုမစိုက်ဘဲ.. မှန်ရှေ့ကခွာခဲ့တာ ခုံတွင်ဝင်ထိုင်လိုက်သည်။
"မင်းသား.. ကျွန်တော်မျိုးတို့ကူညီပေးဖို့ဝင်ခဲ့ရမလား"
ပြင်ဆင်ပေးရန်ဝင်လာခဲ့သည့်အပျိုတော်တွေ မောင်းထုတ်ခြင်းခံထားရတာကြောင့် မင်းကြီးအနားနေသောကုန်းကုန်းကဦးဆောင်းပြီး ကူညီရန်တခြားသောကုန်းကုန်းများကိုခေါ်ထားခဲ့ရလေသည်။
သို့သော်လည်း ချန်းယောလ်က မည်သူ့ကိုမှအဆောင်ထဲဝင်ခွင့်မပေးသည့်အပြင် စကားတစ်ခွန်းမှတုံ့ပြန်မလာတာကြောင့် အပြင်ဘက်သူတို့သည် အထဲ၌မင်းသားတစ်ခုခုဖြစ်နေမည်ကို ပူရတော့သည်။
"မင်းသား.."
ချန်းယောလ်တံခါးဖွင့်လာတဲ့အခါ အကုန်လုံးခေါင်းညွှတ်ထားလာကြသည်ကိုကြည့်ပြီး ဘာစကားမှဆိုမလာဘဲလျှောက်ထွက်သွားတော့ အားလုံးအနောက်ကနေလိုက်ကြရသည်။
အဆောင်အပြင်ထွက်လာကတည်းက ဘတ်ဟျွန်းဆီသွားရဖို့သာအာရုံရှိနေတာမို့.. အပြင်အဆင်တွေကိုလိုက်မကြည့်မိဘဲရှိနေသည်။
"နောင်တော်"
တခြားဘက်က ခါအီခေါ်လာသံကြားတော့ ချန်းယောလ်လှည့်ကြည့်လာခဲ့တဲ့အခါ ပွဲအတွက်အပြင်အဆင်ဖြင့် သေသပ်လိုက်ဖက်စွာတွဲစပ်ဝတ်ဆင်ထားသောခါအီကိုမြင်ပြီးအနားဆီလျှောက်သွားသည်။
"ညီတော်"
"နောင်တော်နန်းဆောင်ကထွက်လာရပြီပေါ့..ဒါလည်းဖြစ်သင့်တာပဲ ဒီနေ့ကနောင်တော်အတွက်နေ့ထူးနေ့မြတ်လေးကို"