#8

2.5K 265 7
                                    

[Unicode + Zawgyi]

ရက်သတ္တပတ်အလွန်ထိကြာမြင့်ခဲ့သော်လည်း..ထိုမျက်နှာကိုဖုံးအုပ်ထားတဲ့မိန်းမပျိုက မျက်စိရှေ့နည်းနည်းမျှပေါ်မလာခဲ့။

မနက်ခင်း..နေ့လည်ခင်း..ညခင်း..စတဲ့အချိန်အတိအကျကို အမျိုးမျိုးသောစားဖွယ်အစုံနှင့် အများအမြင်၌လှသွေးကြွယ်ဝ ရှုမဝ‌ပေမဲ့ ချန်းယောလ်အဖို့အသင့်အတင့်ကြည့်‌ပျော်ရှု‌ပျော်သာရှိနေ‌ခဲ့သော ထိုမင်းသမီးလေးပါသည်သာ နေ့စဉ်မြင်နေရသည်ကိုသဘောမကျနိုင်ပေ။

လာလေနိုးနိုးဖြင့် မျှော်တလင့်လင့်စောင့်နေမိသော်လည်း ပေါ်မလာခဲ့သောထိုမျက်နှာကိုဖုံးအုပ်ထားတဲ့မိန်းမပျိုသည် မွေးစဉ်ကတည်းက ပြင်းစွာသောဒဏ်ရာကအတူပါလာခဲ့ရပြီး အများအမြင်မသင့်တော်တာကြောင့် ဖုံးအုပ်ကာကွယ်ထားခြင်းသာဖြစ်သည်တဲ့လား။

နန်းတော်အတွင်းသာနေနေပြီး အခြားမင်းသမီး ညီအစ်မတော်သူတို့နှင့် တကွဲ..သီးသန့်သာနေလေ့ရှိသော ထိုမျက်နှာကိုဖုံးအုပ်ထားတဲ့မိန်းမပျိုကို မည်သူကမျှမနှစ်မြို့သည်လား နှာရှုံ့ကာမကြားဝံ့စရာတို့သာပြောတတ်ကြသည်။ သို့ပေမဲ့ သူမအတွက်အထူးအဆန်းဟုတ်မနေနိုင်တော့ပါတဲ့လား။

"နောင်တော် နန်းတော်ထဲပတ်ကြည့်ချင်လား စားတော်ပွဲမရောက်မချင်း ဒီအခန်းထဲမှာပဲနေနေမှာလို့တော့ ဆုံးဖြတ်ထားတာဟုတ်‌တော့မဟုတ်ပါဘူးနော်"

ချန်းယောလ် လက်ကကိုင်ထားတဲ့စာရွက်လိပ်ကိုချလိုက်ကာ ခါအီကိုကြည့်တော့ ခါအီကခုံပေါ်‌နဖူးတင်ကာခေါင်းကိုငုံ့ထားလေသည်။

"နောင်တော်ဒီအတိုင်းပဲနေနေတာ ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ..ညီတော်လည်းတော်တော်လေးပျင်းနေရပါပြီ"

ချန်ယောလ်ပြုံးကာ ထိုင်နေရာကထသွားတော့ ခါအီခေါင်းထောင်ကြည့်လိုက်သည်။

"နောင်တော် လျှောက်ကြည့်တော့မယ်ပေါ့ ဟုတ်လား ဟုတ်လား"

ချန်းယောလ်ခေါင်းညိပ်ပြတော့ ခါအီဝမ်းသာအားရပြုံးရွှင်သွားကာ ကိုယ်နဲ့မကွာဆောင်ထားတတ်တဲ့ဓားတော်ကိုယူပြီးနောက်ကလိုက်ခဲ့သည်။

Gorgeous Crown Prince ✔️Where stories live. Discover now