#3

3.1K 277 3
                                    

[Unicode + Zawgyi]

နွေးထွေး‌သောမေတ္တာ..နူးညံ့‌သောအကြင်နာနှင့် နှစ်သက်စရာကောင်းသောဂရုစိုက်ခြင်းတွေကြား... အချစ်ပိုရသော ခမည်းတော်..မယ်တော်တို့ရဲ့ ဖြောင့်မတ်မှန်ကန်မှုတို့သည် သားစဉ်၊ မြေးဆက် ဂုဏ်သတင်းကျော်ဇောပြီး လူချစ်လူခင်ပေါများကာ ချန်းပြည်သူတို့၏ထောက်ခံမှုကို ချန်းမင်းကြီးမှာယနေ့တိုင်လက်ခံရရှိနေဆဲ...

ငြိမ်ချမ်းရေးကိုသာလိုလားသော ခမည်းတော်မင်းကြီးပတ်ချန်းနင်ကြောင့် တိုင်းပြည်သည် စစ်ဘေးကင်းကွာပြီး သာယာဝပြော ဝေဆာတင့်တယ်လှသည်။ ထို့ပြင် ချန်းတိုင်းပြည်သည် အင်အားကြီးတိုင်းပြည်တစ်ပြည်အဖြစ်လည်း တခြားသောတိုင်းပြည်များ၏ ချီးမြှင့်မြှောက်စားခြင်းကိုပါ ပိုင်ဆိုင်နိုင်ခဲ့သေးသည်။

မင်းကြီးပတ်ချန်းနင်သည် မိဖုရားပတ်ယောလ်ချန်နှင့်ကာလကြာရှည်စွာရွှေလက်တွဲထားရင်းမှ အလွန့်အလွန်ချောမော‌ဖြောင့်မတ်ရဲရင့်သောမင်းသားလေးပတ်ချန်းယောလ်ကို ကံကောင်းစွာဖွားမြင်လာခဲ့ပြီး အရွယ်ရောက်လာလေတော့လည်း သားတော်လေး၏ဂုဏ်အရေးကြောင့် လာရောက်နားဖောက်ဆက်သသော မိန်းမပျိုမင်းသမီးငယ်လေးများသည် ဒုနဲ့ဒေးပင်။

ထိုသည်ကို ချန်းတိုင်းပြည်ကချန်းမင်းသားလေးကတော့မနှစ်သက်ဘဲ လာရာလူကို‌ခေါင်းခါစမြဲနှင့် ပေါင်းဖက်ရမည့်သူသည် ချစ်သောသူသာဖြစ်ခွင့်ပြုပါရန် လျှောက်တင်ထားလေသည်။ ထိုသည်မှစ၍ချန်းမင်းကြီးပတ်ချန်းနင်သည်လည်း လိမ်မာပါးနပ်စွာပဲငြင်းဆိုရတော့သည်။

ငယ်စဉ်ကတည်းက ချစ်လွန်းလို့ဖူးဖူးမှုတ်အလိုလိုက်အကြိုက်ဆောင်ခြင်းခံနေရပေမဲ့လည်း ဆရာသခင်တွေရဲ့တင်းကြပ်‌သောစည်းကမ်း‌များနှင့် ကြပ်မတ်သင်ကြားခြင်းတွေကြောင့် အပိုးကျိုးယဉ်ကျေးလွန်းပြီး မင်းသားတို့တတ်အပ်သောပညာအစုံနီးပါးကို ပြည့်ဝတတ်‌မြောက်နေခဲ့ပြီ။ သို့ပေမဲ့ လိုနေသည်ကတော့ အနည်းအကျဉ်းရှိ‌ပါ‌သေးသည်။

"နောင်တော် တ..တကယ်ကြီးသ‌ွားမှာလား"

"ဒါပေါ့..သွားရမဲ့အတူတူကြိုသွားထားတာ ဘာမှမဖြစ်နိုင်ပါဘူး"

Gorgeous Crown Prince ✔️Where stories live. Discover now