#15

2.1K 261 4
                                    

[Unicode + Zawgyi]

"အထိန်းတော်ကြီး"

ဘတ်ဟျွန်းမျက်ရည်တွေနဲ့ကြည့်လာတော့ အရှေ့မှာလာရပ်နေတဲ့အထိန်းတော်ကြီးကျင်းချိုကဒူးထောက်ခစားပြီး ခေါင်းကိုငုံ့လာသည်။

"ဆယ်ဟွန်းလေးပြောလို့ကျင်းချိုသိပြီးပါပြီ ကျင်းချိုမှားပါတယ် ကျင်းချိုမင်းသားကိုဖုံးကွယ်ထားခဲ့မိပါတယ်"

ဘတ်ဟျွန်းကြည့်နေရာမှ မျက်လွှာကိုဖြည်းဖြည်းချင်းမှိတ်ချလာကာ ဒူးတွေပေါ်မေးတင်ထားပြီး မြေပြင်ပေါ်ကိုစိုက်ကြည့်နေလိုက်သည်။

"အပြစ်ပေးမယ်ဆိုလည်းလက်ခံပါ့မယ်မင်းသားလေး..အခုလိုကြီးမနေပါနဲ့ ကျင်းချိုကိုအပြစ်ပေးနိုင်ပါတယ်"

"တစ်ယောက်ထဲနေချင်တယ်.. ဘယ်သူ့ကိုမှစကားမပြောချင်ဘူး"

"ကျင်းချိုပြောစရာရှိတာတွေပြောပြီးရင်ထွက်သွားပေးပါ့မယ်မင်းသားလေး ကျင်းချိုပြောတာတွေခဏလောက် နားထောင်ပေးပါ"

အထိန်းတော်ကြီး ဘတ်ဟျွန်းကိုအကဲခတ်ကြည့်တော့ ဘတ်ဟျွန်းဘက်မှငြင်းပယ်ခြင်းမျိုးမရှိတာမို့ ခေါင်းကိုငုံ့ကာ လျှောက်တင်တော့သည်။

"မင်းသားလေးအသက်၂၀ပြည့်တဲ့အခါ ဗြောင်တိုင်းပြည်ကိုပြန်ပို့ရမှာပါ.. အခုအချိန်ထိဒီတိုင်းပြည်မှာနေနေရတာကလည်း ဗြောင်တိုင်းပြည်ကပြည်သူ‌တွေအတွက်ပါ..တကယ်လို့မင်းသားလေးသာဗြောင်တိုင်းပြည်ကမင်းသားမှန်းသိသွားရင် ဗြောလ်ဘုရင်ကြီးက တကယ်စိတ်ဆိုးဒေါသထွက်ပြီး ဗြောင်တိုင်းပြည်ကိုစစ်ကြေညာမှာ..ဗြောင်တိုင်းပြည်က စစ်သည်အင်အားနည်းပါတယ်... ဗြောလ်တိုင်းပြည်နဲ့သာစစ်ထိုးရရင် ဗြောင်တိုင်းပြည်ကရှုံးနိမ့်မှာအသေအချာပါပဲ..မင်းသားလေးရဲ့မယ်တော်ကိုလည်းစစ်ဖြစ်မှာတားဖို့အတွက်ဆက်သခဲ့တာကြောင့် စစ်မဖြစ်အောင်စီစဉ်ထားခဲ့ရတာတွေပါ
ဒါတွေကြောင့် မင်းသားလေးကို အသက်၂၀အထိစောင့်နေခဲ့တာပါ"

ဘတ်ဟျွန်း‌ခေါင်းထောင်ကာ အထိန်းတော်ကြီးကျင်းချိုကိုကြည့်လာတော့ ခေါင်းငုံ့ထားဆဲနဲ့ ဆက်လျှောက်‌လေသည်။

Gorgeous Crown Prince ✔️Where stories live. Discover now