[Unicode + Zawgyi]
ကုတင်ပေါ်မှာအိပ်မောကျနေသောဆယ်အာကို ဘေးမှာထိုင်စောင့်ကြည့်နေရင်း ဘတ်ဟျွန်းငိုက်မြည်းလာခဲ့သည်။
"ဆယ်အာကလည်းအိပ်နေလိုက်တာ တော်တော်နာနေလို့လားမသိဘူး"
သေးသေးလေးထဲကဘယ်အရာကိုမဆိုအရမ်းစိတ်ပူပေးတတ်တဲ့ဘတ်ဟျွန်းဟာ နှစ်တွေကြာပြီး ရာသီတွေအလီလီပြောင်းသွားသော်လည်း ထိုစိတ်လေးသည်ပြောင်းလဲခြင်းအလျဉ်းမရှိ။
ဒီနေ့နန်းတော်ထဲပြန်မရောက်ရင်ကော ဖြစ်ရဲ့လား.. သူအရမ်းနာနေရင်လည်းဒီမှာပဲဒီညအိပ်လိုက်တော့မယ်။
"ဘတ်ဟျွန်းနားပါဦးလား ဟိုဘက်အခန်းကနောင်တော်နေတာ နားချင်ရင်အဲ့အခန်းဘေးက အခန်းမှာသွားနားလို့ရတယ်"
ခါအီအပြောကို ဘတ်ဟျွန်းခေါင်းညိပ်ပြပြီး ဆယ်အာကိုပြန်ကြည့်တော့ ဆယ်အာကအိပ်ကောင်းတုန်း...
"ဒါဆို ခဏလောက်ကျွန်တော်သွားနားလိုက်မယ်နော် ဆယ်အာနိုးရင်ကျွန်တော့်ကိုပြောပါ"
ဘာကြောင့်ရယ်တော့မသိ ခါအီရယ်..ချမ်းယောလ်ရယ်ကို ဘတ်ဟျွန်းနည်းနည်းမှ မယုံမကြည်မဖြစ်မိဘူး... အခုလည်း ဆယ်အာကို ခါအီနဲ့ထားခဲ့ရမှာ ဘတ်ဟျွန်းစိတ်ချပါသည်။
"ကောင်းပါပြီ..အိပ်ချင်ရင်အိပ်လိုက် ဆယ်အာနိုးလာရင်လာပြောပေးမယ်နော်"
ဘတ်ဟျွန်းရောက်သွားရာထိုအခန်းမျိုးကို မနေဖူးခဲ့..မမြင်ဖူးခဲ့တာကြောင့် အိပ်ယာပေါ်သာညိမ်ညိမ်လေးထိုင်နေလိုက်ပြီး မျက်လုံးတွေကတော့အညိမ်မနေ လိုက်ကြည့်နေသည်။
ထူးဆန်းနေသည့် သည်လိုနေရာတွေကြောင့် ဘတ်ဟျွန်းပြုံးလိုက်မိပြီး နောက်များအခါသင့်ရင်ထပ်လာဖို့ကိုပါ တွေးနေလိုက်သေးသည်။
တံခါးရှေ့မှလူသံကြားပြီးဝင်လာသံကြောင့် ဘတ်ဟျွန်းအတွေးတွေလွင့်ကာ လက်လေးကျစ်ဆုပ်သွားပြီး အသံကြားရာကိုခပ်တည်တည်ကြည့်နေရင်း ရင်ထဲတုန်လှုပ်နေခဲ့သည်။
"ခါ..ခါအီလား..မဟုတ်ရင်..ချန်း ချန်းယောလ်လားဟင်"
"ထပ်ပြီးလည်ပင်းကိုကြည့်ရမယ်လေ ပြီးရင်ဆေးပြန်ထည့်ရမယ်"