#31

1.6K 192 9
                                    

[Unicode + Zawgyi]

ဝိုင်းလာတဲ့လူတွေကိုတိုက်ခိုက်ဖို့ဓားတွေထုတ်လိုက်ပေမဲ့ စိုက်ဝင်လာတဲ့လက်မောင်းဆီကမြှားကြောင့် ချက်ချင်းပဲခါအီဝေဝါးလာခဲ့လေသည်။

ဆယ်ဟွန်းကပြန်တိုက်နေတဲ့အချိန် ခါအီကသေချာမမြင်ရတာမို့ ဓားကိုသာလိုက်ရမ်းနေမိသည်။

တ‌ဖြေးဖြေးအဝိုင်းကကြဲသွားတဲ့အခါ ရမ်းနေတဲ့ဓားကိုရှောင်ပြီး ဆယ်ဟွန်းကခါအီလက်တွေကိုဖမ်းကိုင်လိုက်သည်။

"ခါအီ.. ခင်များဘာဖြစ်နေတာလဲ"

"ကိုယ်.."

"ခါအီ! !! !!!"

ခါအီကနောက်ဆုတ်ဆုတ်နေရင်း အနောက်မှာရှိနေတဲ့ချောက်ကမ်းပါးကိုမတွေ့ဘဲ ခြေချော်သွားတဲ့အခါ ဆယ်ဟွန်းကဆွဲထားပေမဲ့ နှစ်ယောက်လုံးပြုတ်ကျလာသည်။

"ဆယ်ဟွန်း! !! !!!."

အဆုံးသတ်မှာအောက်ဘက်ကရေတွေထဲပြုတ်ကြလာတာမို့ သိပ်မနာကြပေမဲ့.. ထူးဆန်းနေတဲ့ခါအီကြောင့် ဆယ်ဟွန်းကိုင်ထားတဲ့လက်ကိုပိုတင်းမိသည်။

ဆယ်ဟွန်းခါအီနာမည်ကိုထပ်ကာထပ်ကာခေါ်နေပေမဲ့လည်း ရေအောက်မှာဖြစ်နေတာကြောင့် ‌ပီပြင်မှုမရှိ။
ရေစီးကသန်လာတဲ့အတွက်ကြောင့်လည်း ကိုင်ထားတဲ့လက်တွေဟာ ‌တဖြေးဖြေးလျော့လျော့လာလေသည်။

"ခါအီ.."

ရေပေါ်ကို ပေါ်လိုက်မြုပ်လိုက်ဖြစ်နေကြပြီး ဆယ်ဟွန်းခါအီကိုဖက်လာတဲ့အခါ ခါအီကမျက်‌လုံးတွေမှိတ်နေခဲ့သည်။

"ကင်ခါအီ..ကျွန်တော်ခေါ်နေတာကြားလား"

ဆယ်ဟွန်းက ခါအီကိုလွတ်မသွားအောင်ဖက်ထားတာကြောင့် လူနှစ်ယောက်အလေးချိန်ကိုမနိုင်ဘဲ ရေထဲမြုပ်သွားရသည်။

ရေအောက်မှာ ဆယ်ဟွန်း ခါအီကိုယ်ကိုလှုပ်ယမ်းသည်။
သို့ပေမဲ့ ထူးခြားမှုမရှိတာကြောင့် လက်လျော့ကာ ခေါင်းစည်းကိုဖြုတ်ပြီး ကိုင်ထားတဲ့လက်တွေကိုခက်ခက်ခဲခဲချည်ထားလိုက်ရသည်။

ခါအီ..ခင်များဘာတစ်ခုမှဖြစ်လို့မရဘူးနော်

ဆယ်ဟွန်း မရမကကြိုးစားပြီးရေထဲကူးခပ်လာတဲ့အခါ ရေကလည်းစီးနေတာမို့တဖြေးဖြေးနဲ့ရေငြိမ်တဲ့ဘက်ဆီရောက်လာခဲ့ပြီးရေကတိမ်လာလေသည်။

Gorgeous Crown Prince ✔️Where stories live. Discover now