#21

1.9K 252 11
                                    

[Unicode + Zawgyi]

ထွက်သွားရဖို့တွေးမိတော့ အိပ်လို့ပင်မပျော်နိုင်..
တချိန်လုံးထိုင်နေပြီး ရောက်လာတော့မည့်အရုဏ်တက်ချိန်အတွက်စိုးထိတ်နေပေမဲ့လည်း.. ရောက်ရှိလာချိန်မှာတော့ တွေဝေခြင်းတွေမောင်းထုတ်ပစ်ရကာ အိပ်နေဦးမည့်သူ့ဆီ နောက်ဆုံးအနေနဲ့နှုတ်ဆက်ရန်သွားခဲ့သည်။

အိပ်မောကျနေသည့်ဘတ်ဟျွန်းအနားကပ်သွားတော့ တကယ်ကိုအပြစ်ကင်းပြီး ချစ်ဖွယ်ရှိ၏။

ချန်းယောလ်ပြုံးသွားရကာစိုက်ကြည့်နေမိပြီးမှ နိုးသွားမည်စိုးတာကြောင့် အိပ်မောကျနေတဲ့ဘတ်ဟျွန်းရဲ့နှုတ်ခမ်းပါးလေးကိုထိရုံနမ်းပြီး ဆက်နေချင်နေသေးသည့်စိတ်ကိုထိန်းကာ ချက်ချင်းထွက်လာမိသည်။

တည်းခိုဆောင်အပြင်ရောက်တော့ ပြန်လှည့်ကြည့်မိပြီး ရင်ထဲခံစားမှုကတင်းကြပ်ကြပ်ရယ်မို့.. မမြင်နိုင်သည့်နေရာတွင်ရပ်နေလိုက်ကာ ဘတ်ဟျွန်းထွက်လာသည်အထိစောင့်နေခဲ့သည်။

မိုးလင်းလို့လူတွေအသွားအလာများလာသည့်အချိန်မှာတော့ စောင့်နေသူဟာပေါ်လာခဲ့ပြီး ညိုးငယ်နေတဲ့မျက်နှာလေးကြောင့် ချန်းယောလ်အနားကိုသွားပြီး ဂရုစိုက်ပေးချင်လာပြန်သည့်စိတ်က အတိုးအရုန်း..

ခါအီပုခုံးကိုကိုင်လာတော့ လှည့်ကြည့်မိတဲ့အခါ ခေါင်းခါပြနေတာကြောင့် ချန်းယောလ်ခေါင်းညိပ်ပြလာကာ ပြန်ဆက်ကြည့်နေလိုက်သည်။

တရွေ့ရွေ့သွားနေတဲ့ဘတ်ဟျွန်းတို့နောက် တိတ်တိတ်ကလေးလိုက်လာခဲ့ပြီး ဗြောင်တိုင်းပြည်ရောက်တဲ့အထိလိုက်ပို့ပြီးမှ.. ချန်းတိုင်းပြည်ဆီခရီးဆက်ဖို့လုပ်သည်။

တစ်လမ်းလုံးဘာအကြောင်းမှစကားတခွန်းမစမိဘဲ ဘေးကနေတိတ်တိတ်လေးလိုက်လာခဲ့သောခါအီသည်လည်း စိတ်ထဲမကောင်းဖြစ်နေပြီး နှစ်ယောက်သားအလွမ်းတွေနဲ့အတူ ချန်းတိုင်းပြည်ဆီရောက်သည်အထိ ခရီးနှင်ခဲ့လေသည်။

တိုင်းပြည်ရောက်လို့ကြိုဆိုကြသည်မှာ အရင်လိုပဲဆိုပေမဲ့ ဒီတစ်ကြိမ်တွင်ချန်းယောလ်လုံးဝပျော်မနေခဲ့..
ခပ်တည်တည်သာ နန်းတော်ထဲဝင်သွားတဲ့မင်းသားကြောင့် အမျိုးမျိုးပြောသံတွေကိုလည်းဂရုမပြုမိဘဲ..နားဆောင်ကိုသာတန်းသွားလေသည်။

Gorgeous Crown Prince ✔️Where stories live. Discover now