[Unicode + Zawgyi]
ထိုနေ့အပါအဝင် ဗြောလ်ဟျွန်းမင်းသမီးသတိမလည်လာသည်မှာ ၅ရက်ပင်မြောက်ခဲ့ပြီ။
ခါအီပြောသည့်အတိုင်း အချိန်မှန်ဆေးတိုက် ဆေးထည့်လုပ်ပေးပါသော်လည်း သတိမလည်လာတာကြောင့် အကုန်လုံးက မင်းသမီးလေးအတွက်တော်တော်လေးစိတ်သောကရောက်နေရသည်။
ခါအီသည် စိတ်မပူဖို့ပြောနေသော်လည်း မည်သူကမှ စိတ်မအေးရ... မင်းသမီးလေးသတိရဖို့သာဆုတောင်းပေးနေကြသည်။
"နောင်တော် ဒီညလည်း ဒီရေကန်ဆီမှာပဲကုန်ဆုံးဦးမလို့လား ညစဉ်ဆိုနောင်တော်အအေးပတ်လိမ့်မယ်"
"သူ သတိလည်ဖို့ဘယ်လောက်ထိစောင့်ရဦးမှာလဲ"
ခါအီသက်မချကာ ချန်းယောလ်ထိုင်နေရာ ဘေးမှာလာရပ်သည်။
"ဗြောလ်ဟျွန်းမင်းသမီးက ပြင်းထန်တဲ့ရိုက်ချက်တွေကြောင့် အခုလိုဖြစ်သွားတာ.. မင်းသမီးကသိပ်နူးညံ့လွန်းတော့ ခံနိုင်ရည်မရှိဖြစ်သွားတာတွေပေါ့.. အခုလိုက သူ့ကိုအားယူရာရစေတယ်..သူအားအရမ်းနည်းနေတယ် နောင်တော်"
"သတိရဖို့ကကော ကြာဦးမှာလား"
"မကြာတော့ပါဘူးနောင်တော်"
ချန်းယောလ် ကန်ရေပြင်ဆီမျက်နှာမူနေပေမဲ့ မျက်နှာပေါ်က မျက်ခုံးတန်းနှစ်ခု ထိတော့မည့်မတက် ကျုံ့ထားပြီးစိုးရိမ်နေမှုတွေအထင်းသားကို ခါအီဘေးကကြည့်ရင်း သေချာမြင်နေရသည်။
"နောင်တော်"
ချန်းယောလ်ရေပြင်ပေါ်က ရေဂယက်လေးတွေကို သေချာစိုက်ကြည့်ပြီး ခါအီဆက်ပြောမှာကို နားစွင့်နေသည်။
"ဗြောလ်ဟျွန်းမင်းသမီးကို မေတ္တာသက်ဝင်နေပြီလား"
"ဟမ်"
ချန်းယောလ်အံ့ဩစွာ ခါအီကိုလှည့်ကြည့်လာပြီး ကြောင်နစွာ ပါးစပ်းအသဟာင်းသားနဲ့ ကြည့်နေမိသည်။
"ညီတော်တွေးတာမှန်တယ်မလား..နောင်တော်ဗြောလ်ဟျွန်းမင်းသမီးအပေါ်ခံစားချက်ရှိနေပါပြီ"
"ငါ..ငါကလား"
ခါအီခေါင်းညိပ်ပြတော့ ချန်းယောလ်ကတစ်ဖက်ကိုလှည့်သွားခဲ့ပြီး စိတ်အတွင်းရောက်ရက်ခက်ကာ အပြင်တွင်တော့ တိတ်နေမိသည်။