[Unicode + Zawgyi]
ချန်းယောလ်နဲ့ဘတ်ဟျွန်းပျော်နေတာမြင်တိုင်း ဆယ်ဟွန်းပျော်နေမိသည်။
ထိုသို့ပျော်ရွှင်နေသည့်ပုံကို ခါအီကတကယ်မြတ်နိုးသူမို့ ဘေးကနေကြည့်ရုံသာကြည့်နေပြီး သဘောကျခဲ့ရသည်။ခါအီ ဆယ်ဟွန်းကိုမနှောက်ယှက်ချင်တာမို့ ဆယ်ဟွန်းနဲ့စကားမပြောဖြစ်တော့သည်မှာ အဲ့နေ့ကတည်းကဖြစ်သည်။
သို့ပေမဲ့ ခါအီက ဆယ်ဟွန်းမသိအောင် ဆယ်ဟွန်းရှိနေတတ်သည့်နေရာတွေမှာ အတူတူရှိနေပေးတတ်လေသည်။
"ညီတော်.. နောင်တော်ပြောစရာရှိလို့ အဆောင်တော်ဆီလာခဲ့ပေးဦး"
ချန်းယောလ်အပြောကြောင့် ခါအီ ဆယ်ဟွန်းကိုကြည့်နေရာကနေ ချန်းယောလ်ဆီကြည့်လာခဲ့ပြီး ခေါင်းညိပ်ပြသည်။
ချန်းယောလ်ပြောပြီးထွက်သွားတဲ့အခါ ခါအီ ဘတ်ဟျွန်းနဲ့ရယ်မောနေတဲ့ ဆယ်ဟွန်းကိုပြန်ကြည့်လာပြီး ချန်းယောလ်နောက်ကိုလိုက်သွားခဲ့သည်။
ဘတ်ဟျွန်း ထွက်သွားပြီဖြစ်တဲ့ချန်းယောလ်နဲ့ခါအီကိုကြည့်လိုက်မိပြီး ဆယ်ဟွန်းကို ပြန်ကြည့်တော့ဆယ်ဟွန်းလည်းကြည့်နေတာတွေ့သည်။
"ဆယ်ဟွန်း"
"ဗြောင်လေးက ဘာအလိုရှိလဲ"
ပြုံးနေတဲ့ဆယ်ဟွန်းကိုဘတ်ဟျွန်းကြည့်နေပြီး လက်မောင်းတွေကိုဆုပ်ကိုင်လာသည်။
"မင်းတစ်စုံတစ်ယောက်ကို မေတ္တာရှိတာမျိုး.. စိတ်ဝင်စားတာမျိုး ငါမကြားဖူးခဲ့ဘူး"
"ကျွန်တော်လည်း အဲ့ဒီဘက်ကိုစိတ်မဝင်စားပါဘူး"
"ခါအီကိုကော"
ဘတ်ဟျွန်း ဆယ်ဟွန်းမျက်လုံးတွေကိုစိုက်ကြည့်နေတဲ့အခါ ဆယ်ဟွန်းကတစ်ဖက်လှည့်ဖို့လုပ်ပေမဲ့ ဘတ်ဟွန်းကလက်တွေကိုချုပ်ထားခဲ့သည်။
"မေးတာဖြေလေဆယ်ဟွန်း"
"ကျွန်တော်စိတ်မဝင်စားဘူးဗြောင်လေး"
"မင်းစကားလုံးတွေနဲ့ငြင်းလို့ရတယ် ဒါပေမဲ့မင်းနှလုံးသားကိုငြင်းလို့မရပါဘူး"