[Unicode + Zawgyi]
ဗြောလ်ဘုရင်၏ ပြတ်သားသောစကားလုံးတွေနှင့်အတူ အနယ်နယ်သောတိုင်းပြည်မှ ဂုဏ်ကျက်သရေရှိစွာသော မင်းသားများ..မင်းကြီးများသည် စားတော်ပွဲကို ပျော်ရွှင်စွာဆင်နွှဲနေလေသည်။
ချန်းယောလ်တစ်ယောက် လူအများအပြားနှင့်ဆူညံမှုကိုမနှစ်မြို့ပါသော်လည်း..ယဉ်ကျေးမှုအရ ထ မပြန်ရဲ.. သည်းခံပြီးသာနေနေရသည်။
ပွဲစပြီးမကြာ အသက်ဝဝရှူဖို့လိုအပ်သည်ဆိုကာ ထသွားသောညီတော်ဖြစ်သူခါအီကိုပင် အားကျလာမိသလို..
အခုနေများ ဒီပွဲတော်ထဲကထွက်သွားခွင့်ရရင် ကောင်းမည်ဟု ခဏခဏအတွေးဝင်စေသည်။
ဒီကနေ့မှ ပွဲတော်ကိုအာရုံစိုက်၍မရဘဲ တစ်ခုခုနောက်ဆံတင်းနေပြီး စိတ်ထဲလေးလံနေမှုကလည်း ကြီးစိုး၍နေခဲ့သည်။ဗြောလ်တိုင်းပြည်အတွင်းသာယာသည်က ပြောမပြနိုင်အောင်တင့်တယ်လှပေမဲ့ ချန်းယောလ်ရဲ့နောက်နေသည့်စိတ်ကိုလျော့မသွားစေခဲ့ပါ။
စားတော်ပွဲတွင် ဗြောလ်တိုင်းပြည်မှ တင့်တယ်စွာသော မင်းသမီး..အပျိုတော်တို့ရှိနေပါသော်လည်း တစ်ဦးတည်းသောထိုအမျိုးသမီးကို ချန်းယောလ်ရှာဖွေမိပါသေးသည်။
"နောင်တော်"
"ညီတော်တောင်ပြန်ဝင်လာပြီပေါ့ ဘယ်နှယ့်ရှိစအခုအသက်ဝဝရှူခဲ့ရရဲ့လား"
"နောင်တော်ကိုခွင့်တောင်းမလို့"
ခါအီ အကြောင်းအစုံအလင်ပြောပြပြီးသည်နှင့် ချန်းယောလ်မှာထပြီးပြေးကြည့်တော့မတက်ဖြစ်နေပုံကြောင့် ခါအီမှာပြန်ဆွဲကာထားရသည်။
"နောင်တော်အဲ့လိုလုပ်လို့မရဘူးလေ.. အခုကတိုင်းပြည်ပေါင်းစုံကလူတွေနဲ့လေ"
"ဒါပေမဲ့ ငါ ဗြောလ်ဟျွန်းမင်းသမီးကိုစိုးရိမ်"
"ညီတော်သွားမှာလေ နောင်တော်ကတော့ပွဲပြီးမှသာလာခဲ့တော့လေ"
"ဒီလောက်အရေးကြီးနေတာကို ငါ့ဆီဘာလို့လာခွင့်တောင်းနေတာလဲ..ဟိုကတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"
"ဒါကတော့ ညီတော်ကနောင်တော့်သမားတော်လေ"
"ထားတော့..အခုကစပြီး ဗြောလ်မင်းသမီးကိုကုသခွင့်အတွက် မင်းစိတ်တိုင်းကျလုပ်ခွင့်ရှိတယ်.. သွားတော့မြန်မြန်"