#20

2K 259 10
                                    

[Unicode + Zawgyi]

နံနက်လင်းလို့ မြို့ထဲဆူညံသံတွေကနားထဲဝင်လာချိန်မှာတော့ သူတို့မရှိတော့..
တကယ်ကိုပင်အရုဏ်တတ်ချိန်မှာထွက်ခွာလို့သွားကြလေသည်။

မသွားခင် အနားရောက်လာခဲ့တဲ့ချန်းယောလ်ကို ဘတ်ဟျွန်းမသိချင်ယောင်ဆောင်ကာအိပ်စက်နေစေပေမဲ့..လာထိကပ်သွားတဲ့ နူးညံ့အိစက်မှုတစ်ခုကြောင့် ဘတ်ဟျွန်းထိမ်းထားသည့်ကြားမှမျက်ရည်ကျမိသွားခဲ့သည်။
သို့ပေမဲ့ ချန်းယောလ်ကလှည့်ထွက်သွားခဲ့လေပြီ။

တစ်ခဏလေးညိမ်ပြီးအိပ်နေရာမှထထိုင်မိတော့ အခန်းတံခါးကစေ့သွားပြီး တဖြေးဖြေးလှမ်းလှမ်းသွားတဲ့ခြေသံလေးကြောင့် ဘတ်ဟျွန်းလက်သီးလေးတွေဆုပ်ထားမိသည်။

"နှုတ်ဆက်ပါတယ်ချန်းယောလ်.. ချန်းယောလ်ပေးခဲ့တဲ့ဒီအမှတ်တရကို ကျွန်တော်သိမ်းထားပါ့မယ်"

ဘတ်ဟျွန်းနှုတ်ခမ်းကိုအသာပြန်ထိမိတော့ မျက်ရည်တို့ကပါးပြင်ပေါ်ကိုအတိုးအရုန်းနဲ့ကျဆင်းလာတော့သည်။

ကျွန်တော့်ရဲ့ထူးဆန်းတဲ့ခံစားချက်က ချန်းယောလ်ကိုချစ်နေတာသေချာသွားပြီ။

အခုကျွန်တော့ရင်တွေနာကျင်နေတယ်။

ချန်းယောလ်ကိုမသွားဖို့ ဆွဲထားချင်နေတယ်။

ဘတ်ဟျွန်းမျက်လုံးများမှိတ်လိုက်ကာ ရင်ဘတ်ကအင်္ကျီစကိုဆုပ်ကိုင်ထားပြီး နာကျင်စွာငိုနေရုံမှလွဲ တခြားဘာမှမလုပ်နိုင်ခဲ့။

ထိုသို့ငိုနေရင်းပဲ အလင်းရောင်ကျရောက်လာပြီး ဆူညံသံတွေနားထဲဝင်လာခဲ့လေသည်။

"ဗြောင်လေး ကျွန်တော်ဝင်ခဲ့မယ်နော်"

ဘတ်ဟျွန်း အိပ်ယာပေါ်ကထကာ ဘာမှမဖြစ်သည့်အတိုင်းလန်းလန်းဆန်းဆန်းပဲလှုပ်ရှားနေသည်။
သို့ပေမဲ့ ဟန်မဆောင်နိုင်သည့်မျက်နှာကြောင့် ဆယ်ဟွန်းဝင်လာပြီးရပ်ကြည့်နေခဲ့သည်။

"ဗြောင်လေး သူတို့ထွက်သွားကြပြီ"

ဆယ်ဟွန်းအပြောကသိပြီးသားပေမဲ့.. ဘတ်ဟျွန်းလှုပ်ရှားနေတဲ့လက်လေးတုံ့ခနဲရပ်သွားရပြီး အကြည့်တွေရောက်ယက်ခပ်မိကာ ခါးနားကကျောက်စိမ်းတံဆိပ်တော်ဆီမှာ ရပ်တန့်သွားသည်။

Gorgeous Crown Prince ✔️Donde viven las historias. Descúbrelo ahora