[ Unicode + Zawgyi ]
လိုအပ်သည့်ညွှန်ကြားချက်တွေအတိုင်း ဘတ်ဟျွန်းလိုက်နာပြီး ၃ရက်ကြာမြင့်ပြီးနောက် အရင်လိုနေပြန်ကောင်းလာခဲ့သည်။ သို့ပေမဲ့ အရင်လောက်တော့ခံနိုင်ရည်ကသိပ်မရှိသေးဘဲ အားနည်းနေသေးသည်။
ချန်းယောလ်သည် ညနေတိုင်းလာကြည့်တတ်ပြီး ဘတ်ဟျွန်းအတွက်အားပေးစကားမမည် အားဖြစ်စေသောစကားလုံးတို့ကို ပြောပြောဖြစ်သည်။
ဒီကနေ့တွင်တော့ ဘတ်ဟျွန်းနေပြန်ကောင်းလာသည်ကို လက်ခံကာ ညနေစောင်း လမ်းအတူတူလျှောက်ဖို့အတွက် ချန်းယောလ်လာခေါ်လေသည်။
ပန်းနုရောင်ပုဝါကိုမျက်နှာထက်အုပ်မိုးကာ...ဖြူးဝင်နေသောအသားအရည်ပေါ်တွင်လည်း ပန်းနုရောင်ဟက်နေပြီး မြင်ရသူမျက်ဝန်းအဖို့ ရှက်နေသရောင် ပန်နုရောင်လေးဖြတ်ပြေးနေစေသည်။
"ဗြောလ်ဟျွန်းမင်းသမီးက တကယ်လှတာပဲ"
ခါအီစကားကို ချန်းယောလ်မငြင်းမိပါ။ ပြုံးကာပဲ အနားနားတိုးသွားလေတော့ ဗြောလ်ဟျွန်းက အရိုအသေပြုကာ ခါးကိုညွှတ်ရင်း ခေါင်းလေးငုံ့ထားသည်။
"အရမ်းတော့အအေးမခံနဲ့နော် အခုမှအပြင်လေနဲ့ပြန်ထိတွေ့တာဆိုတော့ အအေးပတ်မှာကိုသတိထားရမယ်နော်"
ခါအီမှာသည်ကို ဘတ်ဟျွန်းခေါင်းသာညိပ်လိုက်သည်။
ချန်းယောလ်သွားဖို့အချက်ပြတော့ ဘတ်ဟျွန်းခေါင်းလေးပဲညိပ်လာကာ ဘေးချင်းကပ် ဖြေးဖြေးချင်းလမ်းကိုလျှောက်ကြသည်။
ခါအီနဲ့ဆယ်အာအပြင် အပျိုတော်အချို့ကတော့ ခပ်လှမ်းလှမ်းကသာလျှောက်နေလေသည်။
"ဗြောလ်ဟျွန်းမင်းသမီးက ငယ်ငယ်လေးထဲက အခုလိုမျက်နှာကိုကွယ်ထားတာလား"
"ဟုတ်တယ်..ဟျွန်းငယ် ငယ်ငယ်ထဲက အခုလိုပဲနေခဲ့ရတာ"
"ဟျွန်းငယ်.."
"အာ....."
ဘတ်ဟျွန်းလည်းမေ့မေ့လျော့လျော့ သူ့နာမည်ကို ဘယ်လိုပင်ပြန်ခေါ်လိုက်သည်မသိ.. ချန်းယောလ်၏ခပ်တိုးတိုးရေရွတ်မှုကိုကြားကာမှ သတိထားမိသည်။