#32

1.6K 208 5
                                    

[Unicode + Zawgyi]

ချန်းယောလ်နဲ့ဘတ်ဟျွန်းတို့ တောင်အောက်ဆီရောက်တဲ့အခါ ဓားတွေနဲ့ ဘေးကစီးဆင်းနေတဲ့ရေကြောင်းကိုမြင်တော့ ဘတ်ဟျွန်းဓားတွေကိုကောက်ယူကာဆက်သွားဖို့လုပ်ပေမဲ့ ချန်းယောလ်ကပျောက်ကွယ်လုလုနေလုံးကိုကြည့်ပြီး နားကြဖို့ပြောလာသည်။

ဘတ်ဟျွန်းကလက်မခံချင်ပေမဲ့လည်း ရေစီးကသန်နေပြီးလမ်းကလည်းကျည်းမြောင်းနေတာကြောင့် ချန်းယောလ်ပြောတာလက်ခံခဲ့သည်။

ညအချိန်တွင်အားလုံးအိပ်ပျော်နိုင်ကြပေမဲ့လည်း ဘတ်ဟျွန်းအိပ်မပျော်နိုင်ဘဲ ကောင်းကင်ကကြယ်တွေကိုကြည့်နေခဲ့သည်။

"ဟျွန်းငယ်.."

ချန်းယောလ်အနားမှာလာထိုင်တော့ ဘတ်ဟျွန်းကြည့်လာခဲ့ပြီး ချန်းယောလ်ကဘတ်ဟျွန်းလက်တွေကိုဆုပ်ကိုင်လာသည်။

"ကိုယ်တို့ သူတို့ကိုတွေ့တော့မှာပါ"

ဘတ်ဟျွန်းခေါင်းညိပ်လာပြီးချန်းယောလ်ပုခုံးထက်မှီလာခဲ့တော့ ချန်းယောလ်က ဘတ်ဟျွန်းကိုကျောကနေဖက်လိုက်သည်။

"ကိုယ်ရှိနေပေးမယ် ဟျွန်းငယ်အိပ်လိုက်ဦး..မိုးလင်းတဲ့အခါပင်ပန်းရဦးမယ်လေ"

"ကျွန်တော်.."

"ဘာမှလိုက်မတွေးဘဲအိပ်လိုက်ပါဟျွန်းငယ်.."

ဘတ်ဟျွန်းမှီထားရာကနေကြည့်လာတော့ ချန်းယောလ်ကဘတ်ဟျွန်းနဖူးကိုနမ်းလာခဲ့သည်။

"အိပ်လိုက်.."

"ချန်းယောလ်ကိုအကြာကြီးကြည့်နေလိုက်ရင် ကျွန်တော်ဘာမှမတွေးမိဘဲအိပ်ပျော်သွားနိုင်မယ်ထင်တယ်"

"တကယ်လား"

ဘတ်ဟျွန်းခေါင်းညိပ်ပြတော့ ချန်းယောလ်ပြုံးသွားကာ ဘတ်ဟျွန်းကိုမေးစေ့ကနေပင့်ယူပြီး နှုတ်ခမ်းတွေကိုနမ်းလိုက်တဲ့အခါ ဘတ်ဟျွန်းပြုံးသွားခဲ့ရသည်။

ဟျွန်းငယ်အပေါ် ကိုယ်ချစ်တဲ့အချစ်တွေက ပြောပြလို့ကုန်နိုင်မှာမဟုတ်ဘူး..
ဟျွန်းငယ်ကိုယ့်ဘေးမှာရှိနေတိုင်း ကိုယ့်နှလုံးသားက ထိန်းမရအောင်ခုန်နေတော့တာပဲ..
ကိုယ့်အတွက်တော့ ဟျွန်းငယ်ရဲ့ပျော်ရွှင်မှုကအရေးကြီးဆုံးပါပဲ..

Gorgeous Crown Prince ✔️Where stories live. Discover now