#25

1.6K 245 7
                                    

[Unicode + Zawgyi]

ဘတ်ဟျွန်းတပ်သားတွေကို မှာကြားချင်တာတွေထပ်ပြောပြီးတဲ့အခါ စစ်ရေးလေ့ကျင့်ရေးကွင်းထဲမှာ မြှားပစ်နေလေသည်။

မတွေ့တာကြာပြီးတွေ့ချင်နေခဲ့သူကို တွေရတော့မည့်ခံစားချက်က ဘယ်လောက်ထိပျော်ရွှင်သွားလဲကို ဖော်မပြတတ်အောင်ပါပဲ..
ဒါပေမဲ့.. တွေ့ဖို့ကအတွေးသက်သက်သာရှိနေခဲ့လေသည်။

"အိမ်ရှေ့စံမင်းသား ဗြောလ်တပ်သားတွေ ဗြောင်တိုင်းပြည်ရဲ့ နယ်အဆုံးမှာရောက်ရှိလာတာကိုတွေ့ခဲ့တယ်.. သူတို့တွေမှာအင်အား၆သောင်းထက်မကပါလာတာလည်းမြင်ခဲ့ပါတယ်"

ဘတ်ဟျွန်း လေးကိုကိုင်ဆောင်ကာ ချက်ချင်းပင် မြို့တော်ရဲ့တံတိုင်းဆီကိုသွားသည်။

"အားလုံးအသင့်ပြင်ထားတော့ စစ်သူကြီး"

ဘတ်ဟျွန်းလျှောက်နေရင်း စစ်သူကြီးကျန်းရီကိုပြောကာ မြန်မြန်သွက်သွက်လျှောက်နေလေသည်။

"ဗြောင်လေး"

"ဆယ်ဟွန်း ခမည်းတော်ကိုမင်းလက်ထဲစိတ်ချမယ်နော်.. မကြာခင်မှာစစ်ပွဲကစတော့မှာ"

"စိတ်ချပါဗြောင်လေး"

ဘတ်ဟျွန်းတံတိုင်းပေါ်ရောက်တော့ ချီတက်လာတဲ့ စစ်တပ်ကြီးကိုမြင်နေရသည်။

"အားလုံး..ကိုယ့်တာဝန်ကိုယ်ယူကြမယ်  မင်တို့ဟာတာဝန်ကြေတဲ့လူတွေဖြစ်ပါစေ"

"ဟုတ်ကဲ့ပါ အိမ်ရှေ့စံမင်းသား"

တပ်သားတွေဟာ ဘတ်ဟျွန်းအကြံနဲ့စစ်သူကြီးကျန်းရီချထားပေးတဲ့အတိုင်း လက်နက်ကိုယ်စီဖြင့်အသင့်အနေအထားဖြစ်နေကြသည်။

"ဗြောင်တိုင်းပြည်အိမ်ရှေ့စံမင်းသား ကျွန်တော်ကဗြောလ်ပြည်နယ်ကစစ်သူကြီးဝမ်ချန်ကျူးပါ ဗြောင်တိုင်းပြည်နဲ့စစ်ပွဲမစခင် ဗြောင်တိုင်းပြည်အိမ်ရှေ့စံမင်းသားနဲ့ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးချင်ပါတယ်.. တိုက်ပွဲအတွက်အချိန်နည်းနည်းရွှေ့လိုက်လည်း ရလဒ်ကအတူတူပဲမလား ဗြောလ်တိုင်းပြည်ဟာ တိုင်းပြည်တွေအားလုံးရဲ့ငြိမ်းချမ်းရေးပြည်နယ်ပဲလေ.. ဗြောင်တိုင်းပြည်အိမ်ရှေ့စံမင်းသားကို ညှာတာသောအားဖြင့် ကျွန်တော်မျိုးဆီလာရောက်ညှိနှိုင်းဖို့ ကမ်းလှမ်းပါတယ်"

Gorgeous Crown Prince ✔️Where stories live. Discover now