#28

1.7K 230 5
                                    

[Unicode + Zawgyi]

ချန်းမင်းကြီး ချန်းယောလ်အပေါ်ကိုအမျက်ဒေါသထွက်နေသည်မှာ အတော်ကိုဆိုးနေလေသည်။ ညီလာခံတွင်လည်း လျှောက်တင်လာတာအကုန်နားထောင်ပေးပြီး နန်းဆောင်ဆီသာ ပြန်ပြန်ကြွသွားသောကြောင့် မည်သူကမျှ ချန်းမင်းကြီးကို အမိန့်မြန်မြန်ချပေးပို့ မလောဆော်ရဲ...

ထိုအခြေအနေတွေကြောင့် ချန်းတပ်သား၃သောင်းကို စစ်ကူလွှတ်ဖို့တောင်းဆိုနေသည့် ဗြောလ်သံအမတ်လည်း ရပ်ဆိုင်းနေရသည်။

မိဖုရားပတ်ယောလ်ချန်ကလည်း သားတော်ချန်းယောလ်ကြောင့် ဗြောလ်အတွက်စစ်ကူလွှတ်ဖို့တားမြစ်နေတာနဲ့ ချန်းမင်းကြီးအမိန့်ပေးဖို့က ထိုသို့ကြံ့ကြာနေခြင်းဖြစ်သည်။

သို့ပေမဲ့ သားတစ်ယောက်ရဲ့ဖခင်ဖြစ်နေသော ချန်းမင်းကြီးသည် ဗြောလ်အတွက်စစ်ကူအစား သားတော်ချန်းယောလ်ကိုကယ်ဖို့သာအမိန့်ပေးခဲ့လေသည်။

စစ်သူကြီးဟန်ဆူနဲ့ တခြားစစ်သူကြီးတွေလည်း ချန်းမင်းကြီးအမိန့်အတိုင်း ချက်ချင်းဗြောင်တိုင်းပြည်ဆီချီတက်ကြရတော့ ခါအီပါလိုက်ခဲ့လေသည်။

ဗြောင်တိုင်းပြည်ဆီသာ အမြန်ဆုံးရောက်စေရန် ချီတက်လာခဲ့ကြပေမဲ့ ချန်းစစ်တပ်ရောက်လာတဲ့အခါ ဗြောင်တိုင်းပြည်ဟာသိသိသာသာကို ပျက်စီးနေခဲ့ပြီးပြီ။

စစ်တပ်ကို မြို့နဲ့ခပ်လှမ်းလှမ်းတွင်ထားခဲ့ပြီး ခါအီနဲ့စစ်သူကြီးဟန်ဆူက စစ်သည်အနည်းငယ်ခေါ်ဆောင်ကာ မြို့ထဲကိုဝင်လာတဲ့အခါ မြို့ထဲရှိနေတဲ့ ဗြောင်ပြည်သူအနည်းငယ်ကိုသာမြင်ကြရပြီး မေးကြည့်လေတော့..ဗြောင်အိမ်ရှေ့စံမင်းသားကျသွားပြီး ဗြောင်နန်းတော်သိမ်းခံလိုက်ရပြီဟူသော စကားတွေသာကြားရလေသည်။

သို့ပေမဲ့လည်း.. ခါအီသည်မယုံကြည်နိုင်ဘဲ ရှိနေသေးသည့်ဗြောလ်စစ်တပ်ကို သူလျိုလွှတ်ပြီးစုံစမ်းစေသည်။

စစ်သူကြီးတွေလည်း ချန်းမင်းသားကိုသာလိုက်ရှာဖို့အမိန့်ချထားပြီး ဗြောင်တိုင်းပြည်ထဲမင်းသားကို ပိုက်စိတ်တိုက်လိုက်ရှာနေခဲ့သည်။

Gorgeous Crown Prince ✔️Where stories live. Discover now