[Unicode + Zawgyi]
ဆူညံသံတွေဝေ့မြူးနေတဲ့ နံနက်ခင်းတစ်ခုမှာ ကုတင်ပေါ်ဟိုသည်လိမ့်ရင်း နိုးထရပြန်သည်။ ဗြောလ်မြို့တော်ထဲတွင်နေနေသည်မှာ ယနေ့ပင်၅ရက်မြောက်ခဲ့ပြီ။
အဲ့ကနေ့က တိတ်တဆိတ်ထွက်သွားဖြစ်ကြသော ကောင်လေး၂ယောက်ကို အကြောင်းအရာရေရေရာရာမရှိ ချန်းယောလ်ဒေါသဖြစ်မိသည်။ ရက်အတော်ကြာအောင်မဖျောက်နိုင်ဘဲ စိတ်တော်ညိုးနွမ်းနေလေသည်။
ချန်းယောလ်ဘတ်ဟျွန်းကိုတကယ်နှစ်သက်မိသည်။ နောက်ထပ်လည်းတွေ့ရဖို့ကို စိတ်ထဲရှိနေသည်။ သို့ပေမဲ့ ဆုတောင်းခြင်းသာ လုပ်နိုင်သောအရာဖြစ်နေခဲ့သည်။
ကံအကြောင်းရှိရင်ကိုယ်တို့တွေထပ်တွေ့ရဖို့မျှော်လင့်နေပါမယ်..ဘတ်ဟျွန်း..
ဗြောလ်နန်းတော်ကြီးကတကယ်ပင်ခမ်းနားလှသည်။ သွားလာနေသည့်လူတို့သည်လည်း ပတ်ဝန်းကျင်နှင့်အတူ တင့်တယ်လျှောက်ပတ်လှနေပြန်သည်။ ဒီကနေ့တွင်တော့ ဗြောလ်နန်းတော်အရှေ့တွင်ချန်းတိုင်းပြည်ကလှည်းတော်နဲ့စစ်သည်အချို့ပါရောက်ရှိနေပြီး ဗြောလ်တိုင်းပြည်စစ်သည်တော်တို့ကလည်း ပြည်သူတွေနှင့်အတူ ရာထူးကြီး..အရာခံ..လူပေါင်းစုံတို့သည် ချန်းတိုင်းပြည်မင်းသားကိုသောင်းသောင်းဖျဖျကြိုဆိုနေကြသည်။
ဒီလိုတိုင်းပြည်မှာ အဲ့လောက်ခမ်းနားလွန်းတဲ့ကောင်လေးရှိနေခဲ့တာကမဆန်းသလိုပဲ... ကိုယ်စီကိုယ်စီအလှမျိုးစုံနဲ့ မျက်စိအေးစေသည်။ ဒါပေမဲ့လည်းဘတ်ဟျွန်းဆိုတဲ့ကောင်လေးကတော့ အားလုံးထဲတွင်းထင်းနေလိမ့်သည်။
ဒီနေ့သူကောဒီနေရာမှာရောက်နေနိုင်လောက်လား...
ချန်းယောလ် ပတ်ဝန်းကျင်၌ဘတ်ဟျွန်းရှိမရှိကိုလိုက်ကြည့်ပြီး မတွေ့ရတာနဲ့သက်ပြင်းချလိုက်တော့သည်။
"နောင်တော်နန်းတော်ထဲဝင်ရတော့မယ်လေ"
"အင်း ငါသိပါတယ်"
"နောင်တော့်ကိုကြည့်ရတာစိတ်နဲ့ကိုယ်နဲ့မကပ်သလိုဘဲ ဟိုကြည့်သည်ကြည့်နဲ့ နေမှကောင်းရဲ့လား"