[Unicode + Zawgyi]
ငယ်စဉ်ကတည်းကနေ ယနေ့အထိ နူးညံ့သိမ်မွေ့စွာပဲအေးဆေးတိတ်ဆိတ်ပြီး အရာရာတွင်ယဉ်ကျေးစွာနေထိုင်လာခဲ့လေတော့... အားစိုက်ပြီးခွန်အားထည့်အပင်ပန်းခံရသည့်အခါ နည်းနည်းပင်နည်းနည်းမို့ သိသာစွာမောပန်းလို့နေခဲ့သည်။
မနက်ကတည်းက သင်ကြားပေးနေသည်တို့ကို အားကြိုးမာန်တက်ကြိုးကြိုးစားစားဖြင့် စိတ်ဝင်တစားလိုက်နာပြီးလေ့ကျင့်နေပါသော်လည်း နူးညံ့စွာသောလက်ဖဝါးတို့မှာကျိန်းစက်နေခဲ့ပါပြီ။
တချို့နေရာတွေ၌ပင် သွေးချည်ဥများပါတည်နေခဲ့လေသည်။"မင်းသမီးနားကြတော့မလား"
ချန်းယောလ်ရဲ့အမေးကိုကြားတော့ ဆယ်အာလေးက သိသိသာသာပြုံးလိုက်မိပေမဲ့ ဗြောလ်ဟျွန်းလေးက နာနေတဲ့လက်တွေကို ဖုံးအုပ်ထားတဲ့ပုဝါအောက်က မျက်လုံးလေးများကနေ ကြည့်နေမိသည်။
"ဆက်လေ့ကျင့်ချင်သေးတာလား"
ဗြောလ်ဟျွန်းလေးက ခေါင်းညိပ်ပြတော့ ဆယ်အာလေးဆူပုတ်သွားရကာ သိုင်းပညာဆက်သင်ခြင်းကို ပြန်စတင်တော့သည်။
"အာ့.."
ဝိုက်ပတ်ရှေ့တည့်တည့်ကို အားအပြည့်ဖြင့်ထိုး အကွက်တွင် ဗြောလ်ဟျွန်းလေး၏လက်ဖဝါးကသွေးချည်ဥပေါ် ပြင်းထန်စွာဖိချေသွားမှုကြောင့် အသံပင်ထွက်သည်အထိ နာကျင်သွားရသည်။
"မင်းသမီး.."
ချန်းယောလ်ကော..ဆယ်အာနဲ့အတူခါအီကောပါ ပြာသွားရပြီး ချန်းယောလ်က ဗြောလ်ဟျွန်းလက်ဖဝါးတွေကို ယူဖြန့်ကြည့်လိုက်သည့်အခါ နီညိုပုပ်ပုပ်ရောင်အကွက်တော်တော်များများကိုမြင်ရတာနဲ့ မျက်ခုံးလေးများအထက်ကိုမော်တက်သွားခဲ့ရသည်။
"မင်းသမီး ဒဏ်ရာရနေပြီ"
"ရ ရပါတယ်"
ဗြောလ်ဟျွန်း လက်ကနီညိုပုပ်ပုပ်ရောင်အရာတွေကိုပြန်ကြည့်လိုက်ပြီး တော်တော်ကြာညိမ်နေပြီး ထိုင်ခုံတစ်ခုပေါ်ကိုရောက်လာခဲ့မှအသိဝင်လာခဲ့သည်။
"ချန်းမင်းသာတို့ကို ဗြောလ်ဟျွန်းက ကျေးဇူးတင်ပါတယ်...နောက်နေ့မှပဲဆက်လေ့ကျင်ရအောင်နော် ဒီနေ့တော့ဒီမှာပဲနားကြရအောင်လား"